အမေရိကန် အမျိုးသား အာကာသသိပ္ပံအေဂျင်စီ (နာဆာ) သည် အာကာသတွင်းရှိ ဥက္ကာခဲများအား
မိုင်းဖြင့် ဖေါက်ခွဲကာ တန်ဖိုးကြီးသော ရတနာများ ရှာဖွေနိုင်မည့် နည်းလမ်းအတွက် ဖြစ်နိုင်ချေ ရှိမရှိကို
မိုင်းဖြင့် ဖေါက်ခွဲကာ တန်ဖိုးကြီးသော ရတနာများ ရှာဖွေနိုင်မည့် နည်းလမ်းအတွက် ဖြစ်နိုင်ချေ ရှိမရှိကို
သိရှိရန်ထောက်လှမ်းရေး ခရီးစဉ်တစ်ရပ်ကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
အာကာသ သိပ္ပံပညာရှင်များ၏ သုံးသပ်ချက်အရ အာကာသအတွင်း၌ ရွေ့လျားနေသော ဥက္ကာခဲ၊
ဥက္ကာပျံ စသည့် အရာများထဲတွင် ရွှေ၊ ငွေ၊ စိန် အစရှိသည့် တန်ဖိုးကြီး သတ္ထုများ ရှိနေနိုင်ကြောင်း
သိရှိရပြီး ယင်းအရာများအား ဖေါက်ခွဲရန် နည်းလမ်းကို စဉ်းစားခဲ့ရာမှ ယခုကဲ့သို့ လက်တွေ့
အကောင်အထည်ဖေါ်ရန် စီစဉ်လာခဲ့ခြင်းလည်းဖြစ်သည်။ နာဆာ၏ ထုတ်ပြန်ချက်အရ ၎င်းတို့
အနေဖြင့် စုံစမ်းထောက်လှမ်းရေး ခရီးစဉ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၈
ခုနှစ်တွင် ဂြိုဟ်သိမ် တန်နူသို့ ရောက်ရှိပြီး လေ့လာနိုင်မည်ဟု သိရသည်။ အဆိုပါ ခရီးစဉ် အောင်မြင်မှု
ရခဲ့လျှင် ကမ္ဘာပေါ်တွင် ရတနာပစ္စည်း ကြွယ်ဝမှုများစွာ ပိုမို မြင့်မားလာမည်ဟု ပညာရှင်များက
သုံးသပ်ထားကြပြီး တိုးတက်လာသည့် နည်းပညာများကြောင့် ဥက္ကာခဲ၊ ဥက္ကာပျံများမှ အဖိုးတန်
ရတနာပစ္စည်းများကို ဖေါ်ထုတ်နိုင်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့၏ လေ့လာမှုတွင် သံနှင့်
ရတနာပစ္စည်းများကို ဖေါ်ထုတ်နိုင်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့၏ လေ့လာမှုတွင် သံနှင့်
ကြေး ကဲ့သို့အရာများ တည်ရှိပြီဖြစ်သော်လည်း ရွှေနှင့် ပလက်တီနမ်စသည့် အရာများလည်း
ရှိနိုင်သည်ဟု သိရသည်။ ၁၀ မီတာဝန်းကျန်ရှိသည့် ဂြိုဟ်သိမ်တစ်ခုတွင် အလေးချိန် ၁,၄၃၃,၀၀၀ ပေါင်
ရှိပြီး ယင်းအထဲတွင် ပေါင် ၁၁၀ မှာ ရွှေနှင့် ပလက်တီနမ်တို့ဖြစ်ကြောင်း အရီဇိုးနား တက္ကသိုလ်မှ
ပညာရှင်တစ်ဦးဖြစ်သူ ဒန်တီက ဆိုသည်။
ယခုအစီအစဉ်ကို ငါးနှစ်အတွင်း အကောင်အထည်ဖေါ်နိုင်ရန် နာဆာက မဟာဗျူဟာ ချမှတ်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ZZ
Ref: ပြည်မြန်မာ ဂျာနယ် (၁၅ . ၈ . ၂၀၁၃)
ZZ
Ref: ပြည်မြန်မာ ဂျာနယ် (၁၅ . ၈ . ၂၀၁၃)
No comments:
Post a Comment