ငှက်တို့ရဲ့ ဘ၀အစ ဆိုတာ
ဟိုး ......
သစ်ပင်အိုကြီးများရဲ့
ထိပ်ဖျားလောက်ကနေ
အောက်ကို...
ခုန်ချလိုက်တာပဲ ။ ။
အဲဒီအခါမှာ
ငှက်ငယ်ဟာ
ကြောက်လန့်တကြားနဲ့
တအားအော်ဟစ်ရင်း
အတောင်များကို
ဖြန့်ကာားလိုက်ရာ
အာကာသထဲမှာ
သူ့ရဲ့ အသဲနှလုံးဟာ
'' ဗြုန်း'' ....... ဆို
ပြောင်းသွားခဲ့တယ် ......... လို့
တို့အဘိုးက
ကွမ်းတစ်ရိုးဝါးရင်းနဲ့
ပြောပြခဲ့ဘူးတယ် ။ ။
မောင်ဒီ
ဟိုး ... လွန်ခဲ့သော အနှစ် (၂၀) ကျော်မှ ယခုတိုင်ထိ
သစ်လွင်ဆဲ၊ အားမာန်ပြည့်ဆဲ ''မောင်ဒီ'' ရဲ့ ကဗျာလေးကို ပြန်လည် တင်ပြခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment