ပညတ်သွားရာ ဓာတ်သက်များ မိရော့လေသလား
ကြည့်စမ်း ...
ခံပန်း ... တဲ့...။
ပန်းစပါယ်
နန်းအလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော် တန်သင့်ရုံပ
ခံပွင့်ကို ကုံး...။
စပါယ်ပန်းတွေ ကြူကြူမသင်းခင်လေးမှာ
မင့်ဘေးမှာ တေးသီခဲ့တာ.. ငါပါ။
စပါယ်ပန်းတွေ ဖြူဖြူမဖွေးခင်လေးမှာ
သင်းရနံ့တွေ ပေးခဲ့တာ.. ငါပါ။
စပါယ်ပန်းတွေ ဝေေ၀မဖူးခင်လေးမှာ
မင့်အလှကို ကျူးရင့်ခဲ့တာ
ငါမှ ငါပါ။
တကယ်တော့ ...
သစ်မရခင်စပ်ကြား
ဝါးကွပ်ခံခဲ့ရတာပါ..
ဘုရင့်နောင်ရဲ့ ဖေါင်လောက်မှ
တန်ဖိုးမရှိခဲ့တော့
ဒီငြမ်းကြီးက အရုပ်ဆိုးနေမှာပေါ့။
နန်းရဝေ ...
မန်းမြေမှာ စပါယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ ရွာသုံး...။
အချစ်ရယ်..
ဆာလောင်နေတဲ့ နှလုံးသားကို
အနမ်းနဲ့ မျှားရတယ်ဆိုတာ
မင်းမှ မသိခဲ့လေတာ။ ။
ကြည့်စမ်း ...
ခံပန်း ... တဲ့...။
ပန်းစပါယ်
နန်းအလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော် တန်သင့်ရုံပ
ခံပွင့်ကို ကုံး...။
စပါယ်ပန်းတွေ ကြူကြူမသင်းခင်လေးမှာ
မင့်ဘေးမှာ တေးသီခဲ့တာ.. ငါပါ။
စပါယ်ပန်းတွေ ဖြူဖြူမဖွေးခင်လေးမှာ
သင်းရနံ့တွေ ပေးခဲ့တာ.. ငါပါ။
စပါယ်ပန်းတွေ ဝေေ၀မဖူးခင်လေးမှာ
မင့်အလှကို ကျူးရင့်ခဲ့တာ
ငါမှ ငါပါ။
တကယ်တော့ ...
သစ်မရခင်စပ်ကြား
ဝါးကွပ်ခံခဲ့ရတာပါ..
ဘုရင့်နောင်ရဲ့ ဖေါင်လောက်မှ
တန်ဖိုးမရှိခဲ့တော့
ဒီငြမ်းကြီးက အရုပ်ဆိုးနေမှာပေါ့။
နန်းရဝေ ...
မန်းမြေမှာ စပါယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ ရွာသုံး...။
အချစ်ရယ်..
ဆာလောင်နေတဲ့ နှလုံးသားကို
အနမ်းနဲ့ မျှားရတယ်ဆိုတာ
မင်းမှ မသိခဲ့လေတာ။ ။
ကိုသန်းဇော်
No comments:
Post a Comment