Saturday, August 24, 2013

လယ်တီ ဆရာတော်ကြီး ရေးသားတော်မူသော စိုင်ပြင် သေရည်သေရက် မေတ္တာစာ



              ကျေးဇူးရှင် ပထမ လယ်တီဆရာတော်ဘုရားကြီးသည် သေရည်သေရက် မေတ္တာစာ နှစ်ပုဒ်

ရေးသားခဲ့ပါတယ် ပထမမေတ္တာစာကတော့ ၁၂၄၈ ခုနှစ်မှာ ရေးသားတော်မူတဲ့ “စိုင်ပြင် သေရည်သေ

ရက် မေတ္တာစာ” ဖြစ်ပြီး၊ ဒုတိယ မေတ္တာစာကတော့ ၁၂၄၉ ခုနှစ်မှာ ရေးသားတော်မူသော “ဒီပဲယင်း

သေရည်သေရက်မေတ္တာစာ” တို့ ဖြစ်ပါတယ်။
   
     ဆရာတော်ကြီးသည် မြန်မာနိုင်ငံကို နယ်ချဲ့တို့ အုပ်ချုပ်ပြီး ၁ နှစ်ခန့်အကြာတွင် စိုင်ပြင်သေရ

ည်သေရက် မေတ္တာစာကို ရေးသားခဲ့ပါတယ်။ ဆရာတော်ကြီးသည် သူတပါး၏ လက်အောက်တွင် အမျိုး

ဘာသာ သာသနာ ညှိုးနွမ်းနေချိန်တွင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုကို စည်းစည်းလုံးလုံး

ကောင်းကောင်းမွန်မွန် ရှိစေချင်ခဲ့ပါသည်။ ထိုအချိန်တွင် ဆရာတော်ကြီး၏ ဒါယကာရင်းဖြစ်သော စိုင်ပြင်

ရွာသူကြီး ဦးစိုင်းသည် အရက်ကလေး တမြမြနှင့် အမြင်မတော် ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ဆရာတော်

ကြီးသည် ဦးစိုင်းကို ဆုံးမရန် အကြောင်းပြုပြီး စိုင်ပြင် သေရည်သေရက်မေတ္တာစာကို ရေးသားခဲ့ခြင်းဖြစ်ပါ

တယ်။ ၎င်းမေတ္တာစာတွင် အရက်သောက်သူတို့၏ ဖြစ်ပျက်ပုံ အရက်၏ ဆိုးကျိုးတရားများကို ယခုလို

ဖေါ်ပြထားပါသည်။

         ယမန်အခါ၊ စိုင်ပြင်ရွာသို့၊ ဆရာတစ်ထောက်၊ လေးငါးရက်ကြာ၊ ကိစ္စတာနှင့်၊ လာစဉ်ခေါက်က၊

သောက်မှုစားမှု၊ ကစားမှုများကို၊ ဘယ်သူဟုမရွေး၊ တို့ထိုက်တို့ကံ၊ တို့အရာမ်နှင့် ဆက်ဆံသူအပေါင်း

ကို ကောင်းကောင်းကြီး သြ၀ါဒပေးမည်ဟု၊ အရေးတစ်ခု အကြံပြုပြီးမှ၊ အနုအရင့်၊ အမှုကိုချင့်ပြန်သော်၊

သြော်.... တို့ကျောင်းဒကာ၊ နဂိုရင်းက၊ မဖျင်းဘူးပါဘဲနှင့် ခုခါမှာ၊ လျောက်လျားလူ့စာဂ၊ ဖောက်ပြား၍၊

မှောက်မှားသည့်အချက်ကို၊ အရှက်ကြီးတမင်ခွဲသလို၊ လူထဲတွင်မတော်တတ်ပေဟု၊ ပရိတ်သတ်မပါ၊


 နှစ်ကိုယ်ကောင်းတွေ့ကာမှ၊ သာယာချောမော အဆိုးအကောင်း၊ ကျိုးအကြောင်း၊ ကောင်းကောင်းကြီး

ဟောရလျှင်၊ ချောပေမည် ဧကန်ဟု၊ အကြံနှင့်ချောင်းပါသည်ကို၊ နှစ်ကိုယ်ကောင်းသက်သက်၊ မတွေ့သည့်

အတွက်ကြောင့်၊ ယခုအခါမှာ ဆရာလည်းအား၊ လူကြုံလမ်းကြုံ၊ စခန်းကြုံနှင့် စုံခိုက်ငြားသောကြောင့်၊ 

တရားကျန်းဂန်၊ ဟုတ်တိုင်းကို ပြန်လိုက်မည်။

       လူရုပ်မပေါ်၊ လူစော်မနံ၊ လူဟန်မရ၊ လူ စတိတုံး၊ လူတိုင်းမုန်းစရာ၊ လူယုတ်မာ အဖြစ်မှာမူကား၊

အသေင်္ချယျော၊ မရေတွက်နိုင်ဟု၊ သေသောက်သူဖြစ်ပုံကို၊ သနစ်ကုန်ဖြတ်ပိုင်း၍ သည်အတိုင်းလာချေ

သည်။

           သင် ကျောင်းဒကာ စိုင်ပြင်ရွာသူကြီးမှာလည်း၊ အမျိုးမှန်သည့်၊ အဖိုးတန်ဖြစ်ပါလျှက်၊ ကံစုတ်

ဥာဏ်ယုတ်၊ ဘာမဟုတ်သည့်၊ လူနုပ်လူမွဲ လူ့ဆန်ကွဲ၊ လူ့ဗလချာ၊ လူရာမရောက်၊ လူဘောက်သောက်

တို့၊ သောက်ကြစားကြ၊ မှောက်မှားကြ၍၊ အဓမ္မညစ်တီ၊ အလဇ္ဇီအကျင့်ဆိုးများကို၊ အမျိုးနှင့်ချင့်ချိန်၊ 


ဂုဏ်သိမ်နှင့်ချင့်နွယ်၊ အရွယ်နှင့်ချင့်စား၊ တရားနှင့်ချင့်မြှော်၍၊ ပြီပြီသားမလျော်၊ မတော်သည့်အမှု

များကို စဉ်းစားကြီးဖြစ်ဘိ၍၊ ပ၀တ္တိ-ပဋိသန်၊ အသိဥာဏ်အကြွယ်သားနှင့်၊ အပါယ်လား မခံပါလင့်။  

1 comment:

  1. လယ်တီ ဆရာတော်ကြီးရဲ့ စာတွေကို
    ဖတ်ဖူးပါတယ် ဒါပေမယ့် ဒီမေတ္တာစာတော့
    မဖတ်ဘူးသေးဖူး ကျေးကျေးနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...