ကြက်သွန်ဖြူကို အစိမ်းလိုက် တစ်ပတ် ၂ ကြိမ်စားခြင်းဖြင့် အဆုပ်ကင်ဆာ ဖြစ်နိုင်ချေကို
ထက်ဝက်နီးပါး လျော့ကျမှု ရှိစေကြောင်း လေ့လာမှုအသစ်အရ သိရသည်။
ကြက်သွန်ဖြူကို အစိမ်းလိုက် ပုံမှန် စားသုံးသည့် အရွယ်ရောက်သူများသည် အဆုပ်ကင်ဆာ
ကြက်သွန်ဖြူကို အစိမ်းလိုက် ပုံမှန် စားသုံးသည့် အရွယ်ရောက်သူများသည် အဆုပ်ကင်ဆာ
ခံစားရနိုင်ချေ ၄၄ ရာခိုင်နှုန်းလျော့နည်းကြောင်း တရုပ်လေ့လာမှုတစ်ရပ်အရ သိရသည်။
ဆေးလိပ်သောက်ခြင်းသည် အဆုပ်ကင်ဆာဖြစ်စေနိုင်သည့် တစ်ခုတည်းသော အကြီးမားဆုံး
ဆေးလိပ်သောက်ခြင်းသည် အဆုပ်ကင်ဆာဖြစ်စေနိုင်သည့် တစ်ခုတည်းသော အကြီးမားဆုံး
အကြောင်းအရင်းဖြစ်ပြီး ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် ဆေးလိပ်သောက်သူတို့တွင်အဆုပ်ကင်ဆာ
ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းနီးပါး လျော့ကျကြောင်း လေ့လာသူတို့က ဆိုသည်။
အင်္ဂလန်နှင့် ဝေလနယ်တို့တွင် တစ်နှစ်လျှင် အဆုပ်ကင်ဆာဖြစ်သူ ဦးရေ ၄၀၀၀၀ ခန့်ရှိကြသည်။
အဆုပ်ကင်ဆာဖြစ်သူ ၈၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ကြပြီး ကင်ဆာရှိသူ ၁၀
အင်္ဂလန်နှင့် ဝေလနယ်တို့တွင် တစ်နှစ်လျှင် အဆုပ်ကင်ဆာဖြစ်သူ ဦးရေ ၄၀၀၀၀ ခန့်ရှိကြသည်။
အဆုပ်ကင်ဆာဖြစ်သူ ၈၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ကြပြီး ကင်ဆာရှိသူ ၁၀
ဦးလျှင်တစ်ဦးအောက်သာ ရောဂါတွေ့ရှိပြီး ငါးနှစ် အသက်ရှင်နိုင်ချေရှိသည်။
တောင်သြစတြေးလျတက္ကသိုလ် လေ့လာမှုတစ်ခုအရ ကြက်သွန်ဖြူသည် အူမကြီးအကြိတ်
တောင်သြစတြေးလျတက္ကသိုလ် လေ့လာမှုတစ်ခုအရ ကြက်သွန်ဖြူသည် အူမကြီးအကြိတ်
ဖြစ်နိုင်ချေကိုလည်း သုံးပုံတစ်ပုံနီးပါး လျော့ကျစေကြောင်း သိရသည်။
ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာ၏ နောက်ဆုံးလေ့လာမှုက အဆုပ်ကင်ဆာရှိသူ ၁၄၂၄
ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာ၏ နောက်ဆုံးလေ့လာမှုက အဆုပ်ကင်ဆာရှိသူ ၁၄၂၄
ဦးနှင့် ကျန်းမာသူ ၄၅၀၀ ဦးတို့အား နှိုင်းယှဉ်လေ့လာခဲ့ရာ သူတို့၏ ကြက်သွန်ဖြူ စားသုံးမှုနှင့်
ဆေးလိပ်သောက်သုံးမှုတို့အပါအ၀င် ဘ၀နေထိုင် စားသောက်မှုပုံစံကို မေးမြန်းခဲ့သည်။ ရလဒ်အရ
တစ်ပတ်လျှင် အနည်းဆုံး ကြက်သွန်ဖြူ အစိမ်းလိုက် စားသူတို့သည် ဆေးလိပ်သောက်ခြင်း သို့မဟုတ်
အပူချိန်မြင့် ဟင်းချက်ဆီ အငွေ့များရှူရှိုက်ရခြင်းတို့ ရှိလျှင်တောင် အဆုပ်ကင်ဆာဖြစ်နှုန်း သိသိသာသာ
လျော့နည်းကြောင်း တွေ့ရှိရသည်။
ချက်ထားပြီးသား ကြက်သွန်ဖြူတွင် အဆိုပါ အာနိသင်ပေးနိုင်ကြောင်း မရှင်းလင်းသေးပေ။
ချက်ထားပြီးသား ကြက်သွန်ဖြူတွင် အဆိုပါ အာနိသင်ပေးနိုင်ကြောင်း မရှင်းလင်းသေးပေ။
နုပ်နုပ်စဉ်းထားသည့် ကြက်သွန်ဖြူတွင် အယ်လီစင်ခေါ်သော အင်တီအောက်ဆီးဒင့်ဓါတ် တစ်မျိုးကြောင့်
ကိုယ်ခန္ဓာအတွင်းရောင်ရမ်းမှုလျော့ကျကာ ဆဲလ်ကောင်းများကို ဖျက်ဆီးသည့် ဖရီးရယ်ဒီကယ်များကို
တွန်းလှန်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
Ref: ပြည်မြန်မာဂျာနယ် (၁၅ . ၈ . ၂၀၁၃)
Ref: ပြည်မြန်မာဂျာနယ် (၁၅ . ၈ . ၂၀၁၃)
No comments:
Post a Comment