Tuesday, August 27, 2013

တရုပ် - အန္ဒိယ နယ်စပ်တွင် ပန်းကန်ပြားပျံများ တွေ့ရှိ




    တရုပ် - အန္ဒိယ နယ်စပ်ဒေသတွင် ပြီးခဲ့သည့် လများအတွင်းက ပျန်းကန်ပြားပျံများကို အကြိမ်ပေါင်း

များစွာ တွေ့မြင်ခဲ့ရသသည်ဟု အန္ဒိယ စစ်သားများက သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ဖေါ်ပြောဆို


ခဲ့ကြသည်။ အန္ဒိယနှင့် တရုပ်နိုင်ငံအကြား နယ်စပ်တစ်လျှောက်တွင် ပန်းကန်ပြားပျံများ တွေ့ရှိသည်ဟု

 ပြောဆိုမှုပေါင်းအကြိမ် ၁၀၀ ကျော်ရှိခဲ့ဖူးပြီး ယခုအခေါက်သည် နောက်ဆုံးအကြိမ် တွေ့မြင်မှုပင်

ဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီး ကေအေအန်သိုနီကမူ ကောင်းကင်ပေါ်ရှိ အမျိုးအမည်မသိ အရာဝတ္ထု

များကို ပန်းကန်ပြားပျံဟု သက်သေပြရန် ခက်ခဲကြောင်း ပြောဆိုခဲ့ပြီး ယခင်ကလည်း လေ့လာရေး

အဖွဲ့များ၏ စစ်ဆေးမှုများအရ ယင်းအမည်မသိအရာဝတ္ထုများမှာ ကြာသပတေးဂြိုဟ်နှင့် သောကြာ

ဂြိုဟ်တို့ကို ကမ္ဘာမှ လှမ်းမြင်ရခြင်းဖြစ်သည်ဟူသော ရလဒ်များ ထွက်ပေါ်လာခဲ့ဖူးကြောင်းလည်း ပြောဆို

ခဲ့သေးကြောင်း သိရသည်။


                           ( UPI , 19.8.13 ) မေဇွန်


ref: ပြည်မြန်မာဂျာနယ် ( 22 . 8. 2.13 )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...