Tuesday, August 13, 2013

လူတစ်ယောက် လိမ်ပြော မပြော အလွယ်တကူ အကဲခတ်နည်း




    လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ်

ရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ် ခံလို့ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင်

 ဖြစ်တတ်ပါတယ်။ ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့

လိုအပ်လာပါတယ်။

 1 . Eye contact

        လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် (၁) လုပ်နိုင်ချေ အမူအရာကမျက်လုံးကအမြင်လွှဲတာဖြစ်ပါ

တယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ

တစ်ခုကတော့စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူ လိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာ

ကို လိမ်ပြောသူစောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်ခါတစ်ခါဆို လိမ်ပြောတဲ့သူက မျက်တောင်

ခတ်တဲ့ အကြိမ်တောင်သာမန် မြင်နေကျ အချိန်ထက် နည်းသွားပါတယ်။

  2 . Forced smile
      Forced smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ်မှု ဖြစ်ပါတယ်။ ဆိုလိုရင်း

ကလုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန်တကယ် မဟုတ်သော်ငြားလည်း ရယ်ချင်ယောင် ဆောင်ပါတယ်။

အရမ်းဟားရယ်တာမျိုးမဟုတ်ဘဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်

ဆိုရင် Natural smile က ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွားအောင်ကို အမူ

အရာပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါ

 မှေးသွားပါတယ်။ဟန်ဆောင် အပြုံးကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။

    3 . Head & Eye direction

       ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန်တစ်ခုခုကို ပြန်လည်စဉ်းစားတဲ့

အခါ၊ တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲ့တာ၊ သိခဲ့တာကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို

ကြည့်ရှုပါတယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင်

အမှန်အတိုင်း ပြောနေတာဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲရှိရာ ပြောမယ်၊ စိတ်ကူးယဉ်ပြီးပြောမယ်၊

တစ်ခုခု  ဇတ်လမ်းဆင်ပြီးပြောမယ်ဆိုရင် ဘယ်ဘက်အပေါ်ကို ကြည့်မှာ ဖြစ်ပါတယ်။ (the left in an

upward direction) ဒါ့ကြောင့် ဒါကလိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ့

ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

        အထက်ပါ (၃) ချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသောအားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ

ထုတ်ယူ ထားခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေကျ မှားတတ်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက် လိမ်ပြော

မပြောကိုဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။

       လိမ်ပြောနေသူကို ထောက်လှမ်းနိုင်မယ့် အခြား Body Language ကိုယ်ပိုင်အသိဥာဏ်၊ စဉ်းစား

ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ အများတော့ အလိမ်ခံရခြင်းက ကင်းဝေးမှာ

 ဖြစ်ပါတယ်။


                 Ref:ezinearticles.com

            Myawaddy News က ဖတ်မိတာလေး ပြန်လည်မျှဝေပေးလိုက်တာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...