Thursday, June 9, 2016

ဆင်တစ်ကောင်က ပေးတဲ့ သင်ခန်းစာ













     
     တစ်ခါတုန်းကလူတစ်ယောက်ဟာခရီးသွားနေရင်းဆင်တွေထားတဲ့အနားကိုဖြတ်သွားမိတဲ့အခါမှာ

ချက်ခြင်းရပ်လိုက်ပြီး ဒီလောက်ကြီးမားတဲ့ဆင်တွေကို ဘာလို့ကြိုးသေးသေးလေးနဲ့ ချုပ်နှောင်လို့

ရတာလို့ တွေဝေစဉ်းစားမိသွားပါတယ်။ ချိန်းကြိုးတွေနဲ့လည်းမချည်ထား၊ လှောင်အိမ်ထဲလည်း

မထည့်ထားပဲနဲ့ဘယ်လိုထိန်းထားသလဲဆိုတာကို အစဉ်းစားရခက်သွားပါတယ်။ဆင်တွေက အချိန်မရွေး

ကြိုးတွေကိုဖြတ်ပြီး ထွက်ပြေးသွားနိုင်ပေမယ့်တစ်ကောင်မှအဲ့လိုမပြေးတာကိုတွေ့ရတော့

သူအရမ်းအံ့သြသွားပါတယ်။

     ဒါနဲ့သူလည်း အရမ်းသိချင်စိတ်ပြင်းသွားပြီး အနီးနားမှရှိတဲ့ဆင်ထိန်းတဲ့သူကို ဘာလို့ဆင်တွေက

 ထွက်ပြေးဖို့ မကြိုးစားတာလဲလို့ မေးလိုက်ပါတယ်။ ”ဆင်ကလေးတွေကိုငယ်ငယ်လေးကတည်းက

အရွယ်အစားတစ်မျိုးတည်းသောကြိုးနဲ့ပဲချည်ခဲ့ပါတယ်။အဲဒိအရွယ်တုန်းကသူတို့ကိုကြိုးသေးသေး လေးတွေက

ကောင်းကောင်းထိန်းချုပ်နိုင်တယ်လေ။

သူတို့ကြီးလာတဲ့အခါမှာတော့သူတို့ကို အဲဒိကြိုးလေးတွေက ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်ဆိုတာကို

 တထစ်ချကြီး ယုံကြည်သွားပါ တယ်။ အဲဒါကြောင့် သူတို့ဘယ်တော့မှ ထွက်ပြေးဖို့မကြိုးစားတော့တာပါ”

လို့ဆင်ထိန်းက ဖြေကြားခဲ့ပါတယ်။


     သူလည်း အရမ်းကိုအံ့သြသွားပါတယ်။ ဒီဆင်တွေဟာ သူတို့ကိုချည်ထားတဲ့ကြိုးတွေကို မဖြတ်နိုင်ဘူး လို့

ယုံကြည်နေတဲ့အတွက် လွတ်မြောက်အောင်မကြိုးစားပဲအမြဲအချုပ်အနှောင် အခိုင်းစားခံနေရတာ ကို

သိလိုက်ရပါတော့တယ်။

      ဒီဆင်တွေလိုပဲ ကျွန်တော်တို့ဘ၀မှာ တစ်ခါကျရှုံးဖူးရုံနဲ့ မလုပ်နိုင်ဘူးလို့ယုံကြည်ပြီး မလုပ်ဖြစ်တဲ့

အရာတွေ ဘယ်လောက်တောင် များများစားစားရှိနေပါပြီလဲ?

 ကျရှုံးခြင်းဆိုတာ သင်ယူခြင်းရဲ့တစ်စိတ်တစ်ပိုင်းပါ။ ကျွန်တော်တို့ လက်မမြှောက်အရှုံးမပေးပဲ အရာရာကို

ရင်ဆိုင်ကြပါစို့။

မိုးရှင်း (I.M.T)

www.reddotnetwork.com.mm
‪#‎reddotnetwork‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...