Thursday, June 9, 2016

စိတ်စွမ်းအားနဲ့ မျက်လှည့်ပြရအောင်








       ဒီတစ်ခါတော့ သင့်ရဲ့ သူငယ်ချင်းတစ်ယောက်ကို ပုံထဲကအတိုင်း လက်ချောင်းလေးတွေကို

တင်းတင်းကျပ်ကျပ်နဲက ယှက်ထားခိုင်းလိုက်ပါ။ ပြီးရင် ဒုတိယပုံထဲကအတိုင်း လက်ညှိုးလေးနှစ်ချောင်းကို

ခပ်ခွာခွာလေး ထောင်ထားခိုင်းလိုက်ပါ။ ပြီးရင် ငါက စိတ်စွမ်းအားနဲ့ အဲဒီ လက်ညှိုးလေး နှစ်ချောင်း

ပူးကပ်သွားအောင်အမိန့်ပေးပြမယ်လို့ ပြောလိုက်ပါ။ သင့်ရဲ့ သူငယ်ချင်းက မဖြစ်နိုင်ဘူး လုပ်ပြစမ်းပါဆိုရင် -

    သင်က ထောင်ထားတဲ့ လက်ညှိုးလေး နှစ်ချောင်းရဲ့ဘေးပတ်ပတ်လည်ကနေ သင့်ရဲ့

လက်ညှိုးလေး နဲ့ဝိုင်းပတ်ပြီး ပူးစမ်း ပူးစမ်း ဆိုပြီး ပါးစပ်က တတွတ်တွတ်နဲ့ အမိန့်ပေးနေလိုက်ပါ။

လက်ညှိုးလေး နှစ်ချောင်းဟာ အံ့သြဘွယ်ရာ ပူးကပ်သွားတာ တွေ့ရပါလိမ့်မယ်။

    တကယ်တော့ လက်ညှိုးလေး နှစ်ချောင်းပူးကပ်သွားတာ သင့်ရဲ့ စိတ်စွမ်းအားကြောင့်

မဟုတ်ပါဘူး သင်အမိန့်မပေးလည်း လက်ညှိုးလေး နှစ်ချောင်းဟာ အလိုလို ပူးကပ်သွားကြမှာပါ။

ဘာလို့လည်းဆိုတော့ အဲဒီအနေအထားအတိုင်း မည်သူမှ ကြာရှည်မနေနိုင်လို့ပါပဲ။


                                                               သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေ

           

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...