Friday, June 10, 2016

ကွမ်းရွက် အစွမ်း



                    "ကွမ်းရွက်နှင့်ပျောက်ကင်းသောရောဂါများ"

နှလုံးရောဂါ(Heart Attack)

နံနက်ရေချိုးပြီးတိုင်းရင်ဘတ်နှလုံးတည့်တည့်နေရာလက်ဝဲဘက်ရင်အုံမှာနေ့စဉ်ကွမ်းရွက်

တရွက်ကပ်ပါနှလုံးနှင့်ဆိုင်သောရောဂါမှန်သမျှအကောင်းဆုံးစက်လေးတလုံးတပ်ထားသလိုကို

အကောင်းဆုံးကာကွယ်ပေးပါတယ်

မျက်စိရောဂါနှင့်ရေတိမ်ရောဂါ

             ညတိုင်းကွမ်းရွက်ကပ်ရင် ( ၈ ) လနှင့်(၁၄ )လအတွင်းမျက်မှန်ကျွတ်နိုင်ပါသည်မျက်လုံး

ထောင့်များတွင် လက်မခွံအရွယ်ကွမ်းရွက်ကိုရေစွတ်၍ကပ်ပါ

အဓိကမှာမျက်လုံးနှင့်နှာခေါင်းဘက်ထောင့်နှစ်ခုကိုဂရုပြု့ကပ်ပါနေ့အခါလဲကပ်နိုင်ပါတယ်


computer ကြည့်သူ

       Tv အကြည့်များသူFb သုံးသူများလဲကပ်သင့်ပါသည်


မျက်လုံးအလုံးလိုက်ကိုက်သောရောဂါ

ရေတိမ်ရောဂါ မှုန်တဲ့ရောဂါ မူးတဲ့ရောဂါနှင့် နုသောတိမ်များပျောက်ကင်း၏


နားထိုင်းနားလေးရောဂါ

     ကွမ်းရွက်ကိုဒင်္ဂါးဝိုင်းပမာဏခန့်ဆုပ်ယူပြီးခပ်လုံးလုံးလေးလုပ်ကာနားဝတွင်းထည့်ပေးလျှင်

နှစ်လမျှထည့်ပေးရုံနှင့်သိသိသာသာပျောက်ကင်း၏

သတိပေးလိုသည့်အချက်မှာ
 

      နားကိုမြက်ထိပ် သတင်းစာ ဂွမ်း တုတ် စသည်တို့နှင့်အယားဖြေတာမျိုးမလုပ်ပါနှင့်

လုပ်လျှင်အကျင့်ပါသွားပြီးဆက်ကာဆက်လုပ်ဖြစ်သွားကာဧကန်နားပင်းတော့မှာဖြစ်ပါ၏အဘယ်ကြောင့်

ဆိုသော်နားထဲမှအာရုံခံအသံကြားအမျှင်လေးများပျက်စီးသွားသောကြောင့်ဖြစ်သည်

အာခေါင်မှာအပူဖုတွေဖြစ်လာလျှင်လက်နှစ်လုံးလောက်ကွမ်းရွက်ကိုကပ်ပြီးလျှာနှင့်ထိန်းထားပါ

တနေ့တညသာသာနှင့်ရောဂါပျောက်၏

လျှာမှာနာကျ ဉ် ပူလောင်နာဖြစ်ခဲ့လျှင်လည်းအထက်ပါနည်းအတိုင်းပြု့လုပ်ပါပျောက်ကင်း၏

သွားဖုံးခုံးထပြီးနာလျှင်ကွမ်းရွက်ငုံ ကွမ်းရွက်ကပ်ပါ

နားထင်တွင်ကွမ်းရွက်ကပ်ပါခေါင်းကိုက်ပျောက်၏

ကွမ်းရွက်၏ကောင်းကျိုးများစွာရှိပါသည်ဆက်လက်ဖေါ်ပြပါမည်



မှတ်ချက်။  ။

                 ဆရာကြီးမှဝေမျှသော

                     မသိသူကျော်သွားသိသူဖေါ်စားစာအုပ်မှဖေါ်ပြပါကြောင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...