Thursday, June 16, 2016

ခြင်ကိုက် မခံရအောင် အလွယ်နည်းလေး






            ညနေ နေ၀င်မိုးချုပ် အချိန်မှာ ခြင်ကိုက်ခံရတဲ့ ဒုက္ခဟာ အတော် ဆိုးပါတယ်။

 နာကျင်တဲ့ ခံစားမှုကို ခံစားရတဲ့အပြင်ကိုက်တဲ့ခြင်ကို ရိုက်သတ်လိုက်ပြန်ရင်လည်း ငရဲက ကြီးဦးမယ်။

 ရိုက်သတ်လိုက်လို့ မမိပြန်ရင်လည်း ဒေါမနဿက ပွားရဦးမယ်။ ဒီတော့ ခြင်မကိုက်အောင်

 ခြင်ကိုလည်း မရိုက်သတ်ရအောင် နည်းလမ်းကောင်းလေး ဖေါ်ပြထားပါတယ်။ အောက်က

အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီးကြည့်ပါ။



       လက်ဖ၀ါးထဲကို ဆားအနည်းငယ်(မန်ကျီးစေ့ခန့်) ထည့်ပြီး ရေအနည်းငယ်နဲ့ ဆားကို

လက်ဖ၀ါးနှစ်ဖက်နဲ့ ပွတ်ပြီး ပျော်သွားအောင် လုပ်လိုက်ပါ။ ပြီးရင် အဲဒီ ဆားရေနဲ့ ခြင်ကိုက်မယ့်

လက်နဲ့ ခြေထောက်တွေကို ပါးပါးလေး ပွတ်လိမ်းထားလိုက်ပါ။ ဒါဆိုရင် ခြင်မကိုက်၊ ခြင်မရိုက်ရ

တော့ဘူးပေါ့နော်။

    အိပ်ယာဝင်တော့မယ်ဆိုရင်တော့ ခြေလက်တွေကို ရေနဲ့ သန့်စင်ဖို့တော့ မမေ့နဲ့နော်။


                                                                             credit to  ကိုသက်ရှည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...