Thursday, September 3, 2015

ငါးအရိုးစူးလျှင်



              ကျနော်ရဲ့ဖေ့ဘွတ်သူငယ်ချင်းများကသည်အ ကြောင်းကိုသိထားသူများရှိသလို

ကာယကံရှင် များကိုယ်တိုင်ကလဲ ရေးသားတင်ပြပေးပါဆရာ တခြားသူများလဲဗဟုသုတရပြီး

 နောင်ကြုံတွေ့ လာပါလျင် အချိန်မီဆောင်ရွက်နိုင်အောင်လို့ပါ ဆိုပြီးတောင်းဆိုထားသောကြောင့်

သတိထားစ ရာအတွေ့အကြုံ(၆)ကိုရေးသားတင်ပြလိုက်ပါသည်။

            ဖြစ်ရပ်မှန်ဇတ်လမ်းအစကသည်လိုပါ ကျနော်၏ ဖေ့ဘွတ်သူငယ်ချင်းများထဲမှ မင်းသားနှင့်

မင်း သမီးလေး မင်္ဂလာပွဲကျင်းပပြီးတစ်ပါတ်အကြာ မှာ ဇနီးမောင်နှံနှစ်ယောက်ငါးဟင်းနဲ့ထမင်းစား

ကြပါသည်။ချစ်စခင်စကြင်နာစမို့ တစ်ဦးနှင့်တစ် ဦး ငါးဟင်းနှင့်ထမင်းအပြန်အလှန်ခွံ့ပုံရပါသည်။ 

(စာရေးသူ၏အတွေးဖြစ်ပါသည်)ဤသို့စားနေရာမှ မင်သမီးလေးသည် လည်ပင်းတွင်အရိုး

မျက်အရိုးစူးသွားပါသည်။အရိုးစူးသည်ဆိုတော့ ထမင်းဆုပ်မျိုချခြင်း၊ငှက်ပျောသီးမှဲ့များမျိုချခြင်း

ဖြင့်ပြုလုပ်သော်လဲထူးခြားမှုမရှိပိုပိုဆိုးလာပါသည်။မနက်ဆယ်နာရီလောက်ကမျက်သောစူး

သောအရိုး နည်းပေါင်းစုံလုပ်သော်လည်း ညနေ လေးနာရီထိကျဆင်းခြင်းမရှိ မင်းသမီးလေး

ခမျာလည်ပင်းပိုနာလာပြီးဇက်ကြောများတက် လာပါသည်။ထိုအခါ မှမင်းသားလေးသည်

ကျနော်ထံသို့ဖုန်းဆက်၍ အကူညီတောင်းခံပါ တော့သည်။


          ငါးရိုးမျက်တာမှန်လျင် ကြက်ဥအစိမ်းတစ်လုံးကို ခဏလေးရေနွေးဖျောပြီး(ပိုးသေစေရန်)

ဖန်ခွက် ထဲသို့ဖေါက်ထည့်ခိုင်းလိုက်လေသည်။ဖန်ခွက်ထဲသို့ထည့်စေခြင်းမှာမော့သောက်ရာ၌

ကြက်ဥ အကာအနှစ်များကိုအင်နှင့်အားနှင့်လည်ချောင်း တွင်းဆင်းသွားစေရန်ဖြစ်သည်။


        ထိုသို့ပြုလုပ်ရန်အကြံပေးလိုက်ပါသည်။အဘယ် ကြောင့်ထိုနည်းကိုပေးသနည်းဆိုလျင်

ကြက်ဥ၏ အကာအနှစ်များနှင့်ငါးရိုးငြိကာချောချောမောမောလည်ချောင်းတွင်းမှကျဆင်းသွား

စေရန်အတွက်ဖြစ်ပါသည်။


           ကျနော်ပြောသည့်အတိုင်း မင်းသမီးလေးမှာပြု လုပ်ကာကြက်ဥသောက်ပြီး နာရီဝက်ခန့်

အကြာ မှာကျနော်ထံသို့ဖုန်းဆက်လာပါသည်။
 
              အရိုးစူးတာကျသွားပါပြီ သက်သာသွားပါပြီ၊ ဆရာကိုနေ ကိုကျေးဇူးတင်ပါတယ်လို့

ကိုယ်တိုင် ဖုန်းဆက်ပြောကြားလာပါသည်။ထို့ကြောင့် ငါးဟင်းကြိုက်တတ်တဲ့ကျနော်မိတ်ဆွေများလဲ

ငါးဟင်းစားရင်း မတော်တဆ ငါးရိုးစူးငါးရိုးမျက် ခဲ့ရင် အရေးပေါ်ချက်ချင်းသည်နည်းလမ်းလေး

ကိုသုံးစွဲပြီးစိတ်ချမ်းသာရာရပါစေလို့ ဗဟုသုတ အဖြစ်ရေးသားတင်ပြလိုက်ပါသည်။


                                       Nay MinLay(မြန်မာ့ဆေးပညာ၊ပုသိမ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...