အစားအသောက်တွေကို ခပ်မြန်မြန် ဒါမှမဟုတ် ခပ်များများစားသောက်ပါက ကြို့ထိုးတတ်ပါတယ်။
အစားအစာတွေကို ခပ်လောလော စားသောက်ပါက အများကြီး စားမိပြီး ဗိုက်ပြည့်လာပါက ရင်ခေါင်းနဲ့
ဝမ်းဗိုက်ကို ခြားထားတဲ့ နံရိုးအောက်ဘက်နားက တွယ်ကပ်နေတဲ့ Diaphragm အမည်ရှိကြွက်သားအပြား
အကြီးကြီးကို သွားပြီး ဆွပေးသလိုဖြစ်ကာ ကြို့ထိုးခြင်း ဖြစ်ပါတယ်။ အစာအိမ်က Diaphragm
ရဲ့အောက် ကပ်လျှက်မှာတည်ရှိနေတတ်ပြီး အဲဒီကြွက်သားကြီးက အသက်ရှူသွင်းရှူထုတ်လုပ်ရာမှာ
အဓိကကျတဲ့ ကြွက်သားကြီးပဲဖြစ်ပါတယ်။
ကြို့ထိုးပါက ထိုကြွက်သားဟာ ပုံမှန်အချိန်တွေထက် ပိုပြီး အားပြင်းစွာ ကျုံ့လာကာ ဆတ်ကနဲ
ဆတ်ကနဲ ကျုံ့ပြီး အသံကျယ်ကျယ်ထွက်တဲ့ အသက်ရှူသွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ရုတ်တရက်
ဝင်လာတဲ့လေအဟုန်က လေပိုက်ထိပ်ရှိ Epiglottis (အသံအိုး အဖုံး) ကို ရုတ်ချည်းပိတ်စေတာကြောင့်
“အေ့” ဆိုတဲ့ ကြို့ထိုးသံ ထွက်လာရတာပဲ ဖြစ်ပါတယ်။
ကြို့ထိုးတာကို ပျောက်ကင်းအောင် လူတွေဟာ နည်းအမျိုးမျိုး ကြံဆကြပါတယ်။ ကြို့ထိုးသူကို
လန့်အောင် ပြုလုပ်တာ၊ မြေပဲထောပတ်လို အစာမျိုးပေးတာ၊ တံတွေးမျိုချခြင်းတို့က လေတက်တာကို
ပျောက်ကင်းစေတယ်လို့ အယူရှိကြပါတယ်။ ကြို့ထိုးတာက ဒီအတိုင်းထားရင် မိနစ်အနည်းငယ် အကြာမှာ
အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တွေမှာတော့
ကြို့ထိုးခြင်းဟာ ရက်နဲ့၊ လနဲ့၊ နှစ်နဲ့ချီပြီး ကြာတတ်လေ့ရှိတယ်လို့ သိရပါတယ်။
ဒေါက်တာနုမြတ်
Ref; Good Health Journal (11.9.2013)
No comments:
Post a Comment