Thursday, November 7, 2013

ဆီသည် ညီအမ နှစ်ယောက်ရဲ့ ပြဿနာ

      ဒီဥာဏ်စမ်းလေးကတော့ သိကြတဲ့သူ တော်တော်များပါတယ်။ ရှေးကတည်းက မရိုးနိုင်တဲ့ ဥာဏ်စမ်း

လေးပါပဲ။ ဒါပေမယ့် တစ်ချို့ကျတော့လည်း သိပြီးသားပေမယ့် ကြာလာရင် မေ့သွားတတ်တဲ့အတွက်

အသစ်လိုပဲ ပြန်ခံစားရပါတယ်။ ဒါပေမယ့် ဒီတစ်ခါမေးမှာက အကြောင်းအရာ တူပေမယ့် မေးခွန်းက

အနည်းငယ် ပြောင်းလည်းထားပါတယ် ကဲ ဥာဏ်စမ်းလေးကို စလိုက်ကြရအောင်နော်.......



    တစ်ခါက ဆီသည် ညီအမ နှစ်ယောက်ဟာ ၁၀ ပိဿာပုံးထဲက ဆီ ၁၀ ပိဿာကို ၅ ပိဿာစီ

အညီအမျှ ခွဲဝေချင်နေကြသတဲ့ သူတို့မှာလည်း အမ ဖြစ်သူမှာ ၇ ပိဿာ ခွက်တစ်ခုရှိပြီး ညီမဖြစ်သူ

မှာတော့၃ ပိဿာ ခွက်တစ်ခု ပဲ ရှိနေကြတော့ ၅ ပိဿာစီ ခွဲဖို့ ခက်နေကြတာပေါ့။ ကဲဒီတော့

သူငယ်ချင်းတို့ကပဲ၅ ပိဿာစီ အညီအမျှရအောင် ၁၀ ပိဿာ ပုံးထဲက ဆီ ၁၀ ပိဿာကို ၇ ပိဿာခွက်နဲ့

၃ ပိဿာခွက်တို့ကိုအသုံးပြုပြီး ၅ ပိဿာစီရအောင် ခွဲပေးကြပါဦး။ ချိန်တွယ်စရာ ဆိုလို့ ဆီအပြည့်

ထည့်ထားတဲ့ ၁၀ ပိဿာ ပုံးရယ်၊ ၇ ပိဿာ ခွက်တစ်ခုရယ်၊ ၃ ပိဿာ ခွက်တစ်ခု စုစုပေါင်း ၃ ခုပဲ

ရှိနေတာပါ။

    ဒီလို ခွဲဝေရာမှာ အောက်ပါ စည်းကမ်းချက်များကို လိုက်နာပြီး ခွဲဝေပေးရမှာပါ။

စည်းကမ်းချက်(၁)။   ။တစ်ခြား မည်သည့် ထည့်စရာခွက်တစ်ခုခုရဲ့ အကူအညီ မယူပဲ ၅ ပိဿာစီ

                            ခွဲဝေပေးရမှာပါ။

စည်းကမ်းချက်(၂)။    ။ဒီလို ခွဲဝေရာမှာ ခွက်တစ်ခုခုထဲသို့ ဆီကို ခပ်ယူခြင်း မပြုပဲ လောင်းထည့်ခြင်းကိုပဲ

                             ပြုလုပ်ရပါယ်။

စည်းကမ်းချက်(၃)။    ။ ခွက်တစ်ခုမှ အခြား ခွက်တစ်ခုသို့ ဆီလောင်းထည့်လိုက်တိုင်း တစ်ကြိမ်လို့

                             သတ်မှတ်ပါတယ်။

စည်းကမ်းချက်(၄)။     ။ဆီလောင်းထဲ့တဲ့ အကြိမ်ရေ အနည်းဆုံး ဖြစ်အောင် ခွဲဝေပေးရမှာပါ။


    သူငယ်ချင်းတို့ရဲ့ ကြိုးစားချက် အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်

နိုင်ကြပါတယ်။


      
       ၁။ ၁၀ ပိဿာ ပုံးမှ ၃ ပိဿာ ခွက်ထဲကို ဆီအပြည့် လောင်းထည့်လိုက်ပါ။ (၁ ကြိမ် )

      ၂။ အဲဒီ ၃ ပိဿာ ခွက်ထဲက ဆီကို  ၇ ပိဿာခွက်လွတ်ထဲသို့ လောင်းထည့်လိုက်ပါ။  ( ၂ ကြိမ် )
  
      ၃ ။ ၁၀ ပိဿာ ပုံးမှ နောက်ထပ်တစ်ခါ ၃ ပိဿာ ခွက်ထဲသို့ ဆီအပြည့် လောင်းထည့်လိုက်ပါဦး။

           (၃ ကြိမ်)

      ၄။ အဲဒီ ၃ ပိဿာခွက်ထဲက ဆီကို ၇ ပိဿာ ခွက်လွတ်ထဲ စောစောကလို လောင်းထည့်လိုက်ပါဦး။

          ဒါဆိုရင် ၁၀ ပိဿာပုံးထဲမှာ ဆီ ၄ ပိဿာပဲ ကျန်ပြီး ၇ ပိဿာ ခွက်ထဲမှာ ၃ ပိဿာ နှစ်ခါ

          လောင်းထည့်ထားတဲ့အတွက် ၆ ပိဿာ ရောက်သွားပြီနော်။ ၃ ပိဿာ ခွက်ကတော့ 

         ခွက်အလွတ်ပဲ ရှိနေမှာပါ။ ( ၄ ကြိမ် )


     ၅။   ဒီတစ်ခါတော့ ၁၀ ပိဿာပုံးထဲက ကျန်နေတဲ့ ဆီ ၄ ပိဿာကို ၃ ပိဿာ ခွက်လွတ်ထဲကို အပြည့်

         ဖြစ်အောင် လောင်းထည့်လိုက်ပါ။ ဒီအခါမှာ ၁၀ ပိဿာပုံးထဲမှာ ၁ ပိဿာပဲ ကျန်ပါမယ်။ ၇ ပိဿာ

        ခွက်ထဲကတော့စောစောက လောင်းထည့်ထားတဲ့ ၆ ပိဿာ ရှိနေပြီး ၃ ပိဿာခွက်ထဲမှာတော့ ၃
 
        ပိဿာ အပြည့်ရှိနေမယ်နော်။ မျက်စိလည်မသွားနဲ့ဦး။ သေသေချာချာမှတ်ထား။  ( ၅ ကြိမ်)။

    ၆။ ဒီတစ်ခါတော့ ၃ ပိဿာခွက်ထဲက ဆီ ၃ ပိဿာကို ၇ ပိဿာခွက်ထဲသို့အပြည့်လောင်းထည့်

       လိုက်ပါ ဒါဆိုရင် ၇ ပိဿာခွက်ထဲက စောစောက ၆ ပိဿာရှိနေတဲ့အတွက် နောက်ထပ် ၁ ပိဿာပဲ

       ထည့်လို့ ရတော့မှာပါ။ ဒီတော့ ၇ ပိဿာခွက်ထဲမှာ ဆီ ၇ ပိဿာ အပြည့်ဖြစ်သွားပြီး ၃ ပိဿာ

       ခွက်ထဲမှာတော့ ဆီ ၂ ပိဿာပဲကျန်တော့မှာပေါ့။ ကဲ...... ခုဆိုရင် ၁၀ ပိဿာပုံးထဲမှာ ၁ ပိဿာ၊

      ၃ ပိဿာခွက်ထဲမှာ ၂ ပိဿာနဲ့ ၇ ပိဿာခွက်ထဲမှာ ၇ ပိဿာ အပြည့်ရှိနေတာ မှတ်ထားဦးနော်။

      ( ၆ ကြိမ်)။

     ၇။ အဲဒီနောက် ၇ ပိဿာခွက်ထဲက ဆီ ၇ ပိဿာလုံးကို စောစောက ဆီ ၁ ပိဿာရှိနေတဲ့ ၁၀ ပိဿာ

        ပုံးထဲကို အားလုံး လောင်းထည့်လိုက်ပါ။ ဒါဆို ၁၀ ပိဿာပုံးထဲမှာ စုစုပေါင်း ၈ ပိဿာ၊ ၃ ပိဿာ

        ခွက်ထဲမှာစောစောက ရှိနေတဲ့ ၂ ပိဿာနဲ့ ၇ ပိဿာခွကကတော့ အားလုံး လောင်းထည့်လိုက်လို့

        ဘာမှ မရှိတဲ့ခွက်လွတ်ဖြစ်သွားပြီပေါ့။ ( ၇ ကြိမ် )။

    ၈။ ခုတစ်ခါ ၃ ပိဿာ ခွက်ထဲမှာ ရှိနေတဲ့ ဆီ ၂ ပိဿာကို ၇ ပိဿာ ခွက်လွတ်ထဲကို အားလုံး

        လောင်းထည့်လိုက်ပါ။ ဒါဆိုရင် ၁၀ ပိဿာပုံးထဲမှာ ၈ ပိဿာ၊ ၇ ပိဿာခွက်ထဲမှာ လောင်းထည့်

       လိုက်တဲ့ ၂ ပိဿာနဲ့ ၃ ပိဿာခွက်တော့ ခွက်လွတ် ဖြစ်သွားပြန်ပါပြီ။ ( ၈ ကြိမ် )။

    ၉။ အဲဒီနောက် ၁၀ ပိဿာပုံးထဲမှာ ရှိနေတဲ့ ဆီ ၈ ပိဿာကို ၃ ပိဿာ ခွက်ထဲပြည့်သွားအောင်

        လောင်းထည့်လိုက်ပါ။ ခုဆိုရင် ၁၀ ပိဿာ ပုံးထဲမှာ ၅ ပိဿာ ကျန်ပြီး၊ ၃ ပိဿာ ခွက်ထဲကတော့

        ဆီ ၃  ပိဿ အပြည့်ရှိနေပါမယ်။ ၇ ပိဿာ ခွက်ထဲမှာတော့ ဆီ ၂ ပိဿာ ရှိနေပါတယ်။ ( ၉ ကြိမ် )။

  ၁၀။ နောက်ဆုံးမှာတော့ ဆီအပြည့်ရှိနေတဲ့ ၃ ပိဿာခွက်ထဲက ဆီအားလုံးကို ၂ ပိဿာရှိနေတဲ့

        ၇ ပိဿာခွက်ထဲကို အားလုံး လောင်းထည့်လိုက်ရင် ၁၀ ပိဿာ ခွက်ထဲမှာ ဆီ ၅ ပိဿာနဲ့

        ၇ ပိဿာ ခွက်ထဲမှာဆီ ၅ ပိဿာ အညီအမျှစီ ရပြီပေါ့။ ( ၁၀ ကြိမ် )။


         ကဲ စည်းကမ်းချက်များနဲ့ အညီ ဆီ ၅ ပိဿာစီ ခွဲဝေရာမှာ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ခဲ့ရပါတယ်။

အဲဒီ အကြိမ်အရေအတွက် ထက်တော့ လျော့ပြီး ခွဲလို့ မရတော့ပါဘူးဗျာ။။။။။။။


        သူငယ်ချင်းတို့ အသိပညာတိုးပွားလို့ ဥာဏ်ရည် ထက်မြက်ကြပါစေ။။

     


2 comments:

  1. ၁၀ ပိဿာခွက်ထဲကနေ ၃ ပိဿာ ခွက်နဲ့ခပ်ပြီး
    ၇ ပိဿာ ပုံထဲထည် ၃ ခွက်မြောက်မှာ
    ၉ - ၇=၂ ပိဿာကျန်မယ် ၃ ပိဿာ ခွက်ထဲမှာ
    ၇ ပိဿာ ခွက်ထဲက ဆီတွေ ၁၀ ခွက်ထဲပြန်ထည့် ပြီးတော့

    ၇ ပိဿာခွက် အလွတ်ထဲ ၃ ပိဿာ ခွက်ထဲက ၂ ပိဿာ ထည့်

    ၁၀ ခွက်ထဲက ၃ ပိဿာ ခပ်ပြီး ၇ ပိဿာ ခွက်ထဲထည့်
    ၂+၃= ၅

    ReplyDelete
  2. No. Equaltion Results (10, 7, 3)
    1. 10 to 7 = 3, 7, 0
    2. 7 to 3 = 3, 4, 3
    3. 3 to 10 = 6, 4, 0
    4. 7 to 3 = 6, 1, 3
    5. 3 to 10 = 9, 1, 0
    6. 7 to 3 = 9, 0, 1
    7. 10 to 7 = 2, 7, 1
    8. 7 to 3 = 2, 5, 3
    9. 3 to 10 = 5, 5, 0

    ReplyDelete

Related Posts Plugin for WordPress, Blogger...