Saturday, November 2, 2013

လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကာကွယ်စေရန် အစားအစာများ

ဆိုဒီယမ် (ဆား)

    ဒီနေ့ခေတ် လူအများစုဟာ ဆိုဒီယမ်(ဆား) အများအပြား၊ ပိုတက်ဆီယမ် အနည်းငယ် ပါတဲ့ အစား

အသောက်တွေကို စားနေကြတာ များပါတယ်။ လေ့လာမှုတွေအရ ပိုတက်ဆီယမ်ကို များများစားပြီး

ဆိုဒီယမ်(ဆား) ကို လျှော့စားတာကြောင့် လေဖြတ်နိုင်ချေ ၂၁ရာခိုင်နှုန်း လျော့ကျစေတဲ့အပြင်

 နှလုံးရောဂါ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးကြောတွေကို

ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပြီး သွေးကြောနံရံ ထူထဲ မာကျောမှုမဖြစ်အောင်ဟန့်တားပေးနိုင်ပါတယ်။

ဒါ့ကြောင့် ကျန်းမာပြီး ရောဂါဝေဒနာ ကင်းစင်ရးအတွက် ပိုတက်စီယမ် ပါဝင်မှု မြင့်မားတဲ့ အစာတွေကို

စားပေးသင့်ပါတယ်။


ကန်စွန်းဥ

    ကန်စွန်းဥဟာ ပိုတက်ဆီယမ် ပါဝင်မှု အမြင့်မားဆုံး အစာဖြစ်တာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိရ

ပါတယ်။ ကန်စွန်းဥ အနေတော်တစ်လုံးမှာ ပိုတက်စီယမ် ၆၉၄ မီလီဂရမ်နဲ့ အမျှင်ဓာတ်၊

ဘီတာကယ်ရိုတင်း စ တာတွေ ပါဝင်ပါတယ်။


ခရမ်းချဉ်သီးအနှစ်

    လတ်ဆတ်တဲ့ ခရမ်းချဉ်သီးထက် ခရမ်းချဉ်သီးအနှစ်ရည်မှာ ပိုတက်ဆီယမ် ပါဝင်မှု ပိုများပါတယ်။

ခရမ်းချဉ်သီး အနှစ်ရည်ခွက်ရဲ့ လေးပုံတစ်ပုံမှာ ပိုတက်ဆီယမ် ၆၆၄ မီလီဂရမ် ပါဝင်ပါတယ်။ ခရမ်းချဉ်သီး

ဖျော်ရည်တစ်ခွက်မှာ ပိုတက်ဆီယမ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။


ပဲသီး

    ပဲသီးချက်ပြီး ခွက်တစ်ဝက်စာ ပမာဏမှာ ပိုတက်ဆီယမ် ၆၀၀ မီလီဂရမ် ပါဝင်ပါတယ်။ ပဲသီးတွေက

နှလုံးကို ကျန်းမာစေပြီး အမျှင်ဓာတ်လည်း ပါဝင်မှု မြင့်မားပါတယ်။


ဒိန်ချဉ်

    အဆီမပါတဲ့ ဒိန်ချဉ်အလွတ် တစ်ခွက်စာမှာ ပိုတက်ဆီယမ် ၅၇၉ မီလီဂရမ်ပါဝင်ပါတယ်။ ဒိန်ချဉ်မှာ

အကျိုးပြုဘက်တီးရီးယား ပါဝင်တာကြောင့် နံနက်စာအဖြစ် စားပေးရင် အစာခြေစနစ်ကို ကျန်းမာစေပြီး အူ

လမ်းကြောင်းကို ကျန်းမာစေပါတယ်။


ခုံးကောင်

    ခုံးကောင် ၃ အောင်စမှာ ပိုတက်ဆီယမ် ၅၃၄ မီလီဂရမ် ပါဝင်ပြီး ဗီတာမင် B-12 ပါဝင်မှု အများဆုံး

အစာပါ။ ပင်လယ်စာ ကြိုက်သူတွေ အနေနဲ့ စားသင့်တဲ့ အစာပါ။


ဆီးသီး

    ဆီးသီးဖျော်ရည်ခွက်ရဲ့ လေးပုံသုံးပုံမှာ ပိုတက်ဆီယမ် ၅၃၀ မီလီဂရမ် ပါဝင်ပါတယ်။ ဆီသီးခွက်

တစ်ဝက်မှာ ပိုတက်ဆီယမ် ၄၀၀ မီလီဂရမ် နီးပါး ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးသီးကို စားရင်

အရိုးတွေကိုလည်းသန်စွမ်းစေပါတယ်။ တစ်နေ့ ဆီးသီး ၁၀ လုံးစားတဲ့ အမျိုးသမီးတွေဟာဆီးသီးခြောက်

စားသူတွေထက် အရိုးသိပ်သည်းဆ သိသိသာသာ ပိုမိုကောင်းမွန်မှုရှိတာကို လေ့လာ တွေ့ရှိရပါတယ်။


မုန်လာဥနီဖျော်ရည်

    မုန်လာဥနီဖျော်ရည်ခွက်ရဲ့ လေးပုံသုံးပုံမှာ ပိုတက်ဆီယမ် ၅၀၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။

မုန်လာဥနီနဲ့ တခြားအ၀ါရောင်ရှိ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ မျက်စိအမြင်အာရုံကိုလည်း

ကောင်းမွန်စေပါတယ်။


ငါး

    တူနာလို အသာများတဲ့ ငါး ၃ အောင်စ စားရင် ပိုတက်ဆီယမ် ၅၀၀ မီလီဂရမ် ရရှိစေပါတယ်။ ငါး

ပါဝင်မှု များတဲ့အစာကို နေ့စဉ် စားတာကြောင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေကို ၃၅ ရာခိုင်နှုန်း

 လျော့ချနိုင်တယ်လို့ ဟားဗတ် လေ့လာသူတွေက ဆိုပါတယ်။


ပဲပုပ်ပဲ
    ပဲပုပ်ပဲတွေမှာ ပိုတက်ဆီယမ် ပါဝင်မှု မြင့်မားတာကြောင့်  ကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်ကို တွန်းလှန်

ပေးနိုင်စွမ်း ရှိပါတယ်။ ပဲပုပ်ပဲ ချက်ပြီးသား ခွက်တစ်ဝက်စာမှာ ပိုတက်ဆီယမ် ၅၀၀ မီလီဂရမ် နီးပါး 

ပါဝင်ပါတယ်။


ငှက်ပျောသီး

    ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားတဲ့ အစာအဖြစ် ငှက်ပျောသီးကို လူအများစု သိကြပါတယ်။ ငှက်ပျောသီး

အလတ်စားတစ်လုံးမှာ နှလုံးကျန်းမာစေတဲ့ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။


                                                                             ဇွန်

  Ref : Good Health Journal (12.9.2013)
   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...