Tuesday, October 8, 2013

နားရွက်ဆွဲ ထိုင်ထ အပြစ်ပေးခြင်းက လေ့လာမှုအားကို ပိုကောင်းစေ




       အန္ဒိယကျောင်းများတွင် အပြစ်ရှိသည့် ကျောင်းသားကျောင်းသူများအား ရင်ဘတ်ပေါ်တွင်

လက်မောင်းယှက်ပြီး နားရွက်ဆွဲကာ ဒူးကွေးထိုင်ခြင်းဖြင့် ပြန်ထခြင်း အပြစ်ပေးမှုအား ပြုလုပ်စေရာ

အဆိုပါ အပြစ်ပေးမှုကြောင့် သင်ခန်းစာ လေ့လာမှုအပိုင်းတွင်အားနည်းသည့် ကျောင်းသား

ကျောင်းသူများသည် တိုးတက်မှုရှိခဲ့သော်လည်း နောက်တစ်ကြိမ် အပြစ်ပေးခံရမည်စိုးသဖြင့်

တိုးတက်လာသည်ဟုသာ ယခင်က ထင်မြင်ခဲ့ကြသည်။

         အဆိုပါ အပြစ်ပေးမှုနောက်ကွယ်မှ ယုတ္တိဗေဒ အချက်အလက်ကို လေ့လာခဲ့ရာ အဆိုပါ

အပြစ်ပေးသည့် အနေအထားသည်ဦးနှောက်ထဲက မှတ်ဥာဏ်ကောင်းမွန်စေသည့် ဆဲလ်များထဲသို့

 သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ ဦးနှောက်ဘယ်ဘက်နှင့် ညာဘက်ခြမ်းကို ဟန်ချက်ညီမျှစေပြီး

လုပ်ငန်းဆောင်တာ ကောင်းမွန်စေခြင်း၊ နားရွက်ရှိ ဖိအားအမှတ်များကို ဖိမိစေသဖြင့် နာ့ဗ်

လမ်းကြောင်းတစ်လျှောက် လှုံ့ဆော်ပေးကာ စိတ်တည်ငြိမ်အေးခြမ်းစေခြင်း၊ ဥာဏ်ရည်

ထက်မြက်စေခြင်းနှင့် အော်တစ်ဇင်ကဲ့သို့ သင်ယူနိုင်စွမ်းနှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိသူ

တို့တွင် တိုးတက်မှုရှိခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိပ္ပံပညာရှင်

တို့က တွေ့ရှိခဲ့ရသည်။

    ယနေ့ခေတ်တွင် မှတ်ဥာဏ်စွမ်းအား ကောင်းမွန်စေသည့် အဆိုပါ အပြစ်ပေးသော နည်းလမ်းကို

 မေ့လျော့နေခဲ့ကြရာ အနောက်နိုင်ငံတို့ကမူ ယခုတွေ့ရှိမှုကြောင့် အဆိုပါ အပြစ်ပေးနည်းလမ်းကို

အလွန်ဝမ်းမြောက်ဝမ်းသာစွာ အသုံးပြုခဲ့ကြသည့်အပြင်အဆိုပါ  နားရွက်ဆွဲ ထိုင်ထ နည်းလမ်းအား

 ရောဂါကို ကုသရန် လေ့ကျင့်ခန်းတစ်ခုအဖြစ်လည်း အကြံပြုခဲ့ကြသည်။

                                                             ဇွန်

 
Ref; ပြည်မြန်မာဂျာနယ် ( 1 . 8 . 2013)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...