Wednesday, September 4, 2013
ထိကပြန်
                ရိုးရိုးရှင်းရှင်း ပြောရရင် အဲဒီ ထိကပြန်ဆိုတာ ကိုယ့်ဆီကို ပြန်မလာနိုင်ပါဘူး။ ပြန်လာဖို့
အတွက်လည်း ဆန္ဒမရှိကြပါဘူး။ တစ်နည်းပြောရရင် မူကပထမကတော့ ကိုယ့်ဆီကို ပြန်လာစေတော့
ရယ်လို့ ပစ်လွှတ်ကြတာတော့ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီ ထိကပြန် ဆိုတာ အလွန်ရှေးကျတဲ့
သြစတြေီးယန်းလူမျိုးတွေက စတင်တီထွင် အသုံးချကြတာပါ။ ပထမတော့ အားကစားပစ္စည်းအနေနဲ့ရော၊
ကစားစရာပစ္စည်းအနေနဲ့ပါ ရည်ရွယ်တီထွင်ကြတာ မဟုတ်ပါဘူး။ သတ်ဖြတ် တိုက်ခိုက်တဲ့လက်နက်
အနေနဲ့ရော၊ အမဲလိုက်ပစ္စည်းအနေနဲ့ပါ အသုံးချဖို့ တီထွင်ခဲ့ကြတာပါ။ ဒါ့ကြောင့် စပြီးတီထွင်
အသုံးချတုန်းက ဒလက်ကွေးအဖြစ်နဲ့ပဲ သုံးခဲ့တာပါ။ ရှေးကြတဲ့ သြစတြေးလျတိုက်သားတွေက
အစားအသောက်ဖန်တီးဖို့ သစ်သီးဝလံတွေနဲ့ သားရဲတိရစ္ဆာန်တွေကို ပစ်ခတ်ကြတယ်။ ပြီးတော့
ရန်သူကို ထိခိုက်သေကျေအောင် ပစ်ခတ်ဖို့ အသုံးချကြတယ်။
ကျွမ်းကျင်တာမျိုးကို တွေ့ဖူးပါတယ်။ ၀ိုင်းပီရီက လူတွေဟာ ၀ိုင်းကီကို ထုတ်လုပ်ကြတယ်။ အဲဒါကို
hooked သို့မဟုတ် Number 7 boomerang လို့ သိထားကြပါတယ်။ သြစတြေးလျတိုက် တစ်လွှား
မှာသာ အဲဒါကို လုပ်ကိုင်အသုံးချတာ မဟုတ်တော့ဘဲ နောက်ပိုင်းမှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီး
မှာလည်း သုံးလာကြတယ်။ အဲဒါကို rhythum instruments အနေဖြင့် ပြပွဲ၊ ပြိုင်ပွဲတောင် လုပ်လာ
ကြတယ်။ နောက်ဆုံးတော့ အဲဒီ ဒလက်ကွေးတွေဟာ မိုင်ပေါင်း ထောင်သောင်းမက ကျော်ဖြတ်ပြီး
လူသိများလာကြလို့ အံ့သြဖွယ်ကောင်းလောက်အောင် ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်လာရသလို ကိုယ့်ဆီကို
 ပြန်ရောက်လာနိုင်တဲ့ ထိကပြန် မျိုးတွေ ဖြစ်လာကြပါတယ်။ အဲဒီအကြောင်းကို Philip Jones ဆိုသူက
Boomerang:Behin an Australian Ico ဆိုတဲ့အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့တာကို သြစတြေးလျ
ပြတိုက်ကြီးမှာ ယနေ့အထိ ရှိနေပါသေးတယ်။
           ကိုယ့်ဆီကို ပြန်ရောက်လာအောင် အပစ် လေ့ကျင့်ယူကြတယ်။ ဒလက်ကွေးလို့ ခေါ်ဆို
နိုင်လောက်အောင် ပုံစံကလည်း ပေါက်နေတယ်။ ကိုယ့်ဆီ ပြန်ရောက်လာနိုင်လို့လည်း ထိကပြန်လို့
 ခေါ်ကြတာပေါ့။ လေယာဉ်ပျံ အတောင်ပံနှစ်ခုကို ဟန်ချက်ညီညီ ဆက်ယူထားတဲ့ ပုံစံမျိုးပေါက်နေတယ်။
ဒါ့ကြောင့် ချာလပတ်လည်နေတဲ့ လေယာဉ်အတောင်ပံတွေလို့ ခေါ်နိုင်တယ်။ Aerodynamic
လို့ခေါ်တဲ့ လေနဲ့သက်ဆိုင်တဲ့ အရွေ့စွမ်းအင်သဘောနဲ့ gyroscopic ခေါ်တဲ့ လည်ပတ်မှုပုံသဏ္ဍာန်ပြု
စွမ်းအင်နှစ်ခုကို ပေါင်းစပ်လုပ်ကိုင်ထားတဲ့ သဘောပါ။ ဒလက်ကွေးတစ်ဖက်ကို လက်နဲ့ကိုင်ပြီး
 ဒေါင်လိုက်အနေအထား ပြုပြီး ၂၀ ဒီဂရီလောက် စောင်းပြီး ပစ်လိုက်တဲ့အခါ စက်ဝိုင်းပြတ် ပုံသဏ္ဍာန်
ပြေးထွက်သွားပြီး ပစ်တဲ့သူဆီကို ပြန်လာစေတာပါ။ လက်နဲ့ မကိုင်တဲ့  ဒလက်သွားက လက်နဲ့
ကိုင်ထားတဲ့ ဒလက်သွားထက် နှေးကွေးစွာနဲ့ ချာလပတ်လည် ဖြစ်သွားရတယ်။ တစ်နည်းပြောရရင်
ကိုယ့်ဆီကို တမင်ပြန်လာအောင်ကို လေ့ကျင့်ပြီး ပစ်ယူရတာပါ။ ဒေါင်လိုက်အားက အစဦးလျှင်
(initial volicity) ကို ရယူစေပြီး ၂၀ ဒီဂရီအစောင်းအားက ပြန်လာအောင် ဖန်တီးယူလိုက်တဲ့
သဘောပေါ့။ အဲဒီ လှုပ်ရှားမှုစွမ်းအင်တွေကြောင့် ပစ်လိုက်တဲ့သူဆီကို ပြန်ရောက်လာနိုင်တယ်။
ဒီအကြောင်း အသေးစိတ် ဆောင်းပါးတစ်ပုဒ်ကို  Scientific American ( ၁၉၆၈ ခုနှစ် နိုဝင်ဘာလထုတ်)
မှာ Felix Hess ဆိုသူက ရေးသားတင်ပြဖူးပါတယ်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...