Wednesday, September 18, 2013
အကိုက်အခဲ ပျောက်ဆေးတွေ အမြဲ မှီဝဲနေရပြီဆိုရင်
နေ့စဉ်နဲ့အမျှ အကိုက်ခဲပျောက်ဆေးပမာဏ နည်းနည်းမှီဝဲရလေ့ရှိတဲ့၊ ဆေးကျင့်ပါနေတဲ့
အမျိုးသမီးတွေအဖို့ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။
ဟားဗတ်တက္ကသိုလ်က ဆေးပညာရှင်တွေက အက်စပရင် (asprin)၊ ပါရာစီတမော (paracetamol)
နဲ့ ibuprofen ကဲ့သို့သော စတီးရွိုက်မဟုတ်သော ရောင်ရမ်းလျော့ကျဆေးများ (NSAIDs) မှီဝဲလေ့ရှိတဲ့
အမျိုးသမီးပေါင်း (၅၀၀၀) ခန့်ကို သုတေသနစစ်တမ်း ထုတ်ကြည့် ရာက ဒီအချက်ကို တွေ့ရှိလာရ
ခြင်းဖြစ်ပါတယ်။ တစ်နေ့ကို ပါရာစီတမော (၅၀၀) မီလီဂရမ်နဲ့အထက် မှီဝဲလေ့ရှိတဲ့ အမျိုးသမီးတွေ
အနေနဲ့ သွေးတိုးရောဂါ ခံစားရဖို့ အလားအလာ ၂ဆ ပိုများတယ်လို့ ဆိုပါတယ်။
Nurofen နဲ့ naproxen ကဲ့သို့သော ibuprofen အုပ်စုဝင်ဆေးတွေကို (၄၀၀) မီလီဂရမ်နဲ့အထက်
မှီဝဲသုံးစွဲသူ အမျိုးသမီးတွေမှာ သွေးတိုးရောဂါ ခံစားရဖို့ အလားအလာ (၆၀) ရာခိုင်နှုန်း ပိုများပြီး
အသက် (၅၁) နှစ်နဲ့ (၇၇) နှစ်ကြား အမျိုးသမီးတွေမှာတော့ (၈၀) ရာခိုင်နှုန်း ပိုများတယ်လို့
ဆိုပါတယ်။ Asprin သုံးစွဲသူ အမျိုးသမီးတွေမှာတော့ သွေးတိုးရောဂါ ခံစားရမယ့် အရိပ် လက္ခဏာတွေ
မတွေ့ရဘူးလို့ ဆိုပါတယ်။ သင်ဟာ နေ့စဉ်နဲ့အမျှ အကိုက်အခဲပျောက်ဆေး မှီဝဲရသူ ဖြစ်နေရင်
အထက်ပါပြဿနာတွေကို ခေါင်းထဲထည့် စဉ်းစားထားရမှာ မလွဲပါပဲ။
သိပ္ပံနှင့် နည်းပညာဂျာနယ် (၂၉) မှ ကူးယူဖေါ်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment