မင်္ဂလာပါ သူငယ်ချင်းတို့။ ဒီတစ်ခါတော့ ဥာဏ်စမ်း လွယ်လွယ်လေး မေးလိုက်မယ်နော်
လူငယ်လေး နှစ်ယောက်ဟာ မြစ်ကို ဖြတ်ကူးရန် ရှိပါတယ်။ သူတို့ ဖြတ်ကူးဖို့ရာကလည်း
လှေငယ်လေး တစ်စင်းမှ အပ အခြား ကူးသွားစရာ ဘာမျှ မရှိပါ။ ခက်တာက လှေကလေးဟာ
သိပ်သေးလွန်းတာကြောင့် တစ်ကြိမ်မှာတစ်ယောက်ပဲ တင်ဆောင်နိုင်ပါတယ်။ လှေကလေးဟာ
သူ့ဟာသူ ပြန်လှည့်မလာနိုင်သလို ဆွဲယူစရာ ကြိုးကဲ့သို့သောအခြား အထောက်အကူ ပစ္စည်း
ဘာမျှမရှိပါဘဲသူတို့နှစ်ယောက်ဟာ အဲဒီ လှေကလေးကိုပဲ စီးပြီး မြစ်ကို လွယ်ကူစွာဖြတ်ကူး
သွားခဲ့ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ (တစ်ယာက်မှ ရေထဲဆင်းကူးလို့လည်း မရဘူးနော်။)
သူငယ်ချင်းတို့ရဲ့ အဖြေကို အောက်က အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး တိုက်ကြည့်လိုက်ပါနော်။
တကယ်တော့ သူတို့နှစ်ယောက်ဟာ မြစ်ရဲ့ ကမ်းတစ်ဘက်ဆီမှာ ရှိကြတာပါ။ ဘာမှ မခက်ပါဘူး
တစ်ယောက်ကူးပြီးသွားရင် နောက်တစ်ယောက်က ဆက်ကူးသွားယုံပဲပေါ့။ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးး။
No comments:
Post a Comment