Monday, September 2, 2013
ကောက်စိုက်တေး
၁။ ရွှေမြို့က ပန်းခွာညို၊ စာဆိုနဲ့ပေး။
စာဆိုနဲ့ ခွာညိုပန်းရယ်၊ နန်းမြေထိမွှေး။
၂။ ရွှေမြောင်းရွာ သာပါသေးလား၊ ရွှေမြို့နေမေး။
သာပါရဲ့ ရွာနံဘေးမှာ၊ ရိုးရေက ဖွေး။
၃။ ရွှေထိန်ပင် သာတဲ့အောက်က၊ ကောက်စိုက်ယင်း မိုးမျှော်
မပေါ်လာရွှေမိုးကြောင့်။ ကောက်ပင်တွေညှိုး။
၎။ လယ်ကြီးစိုက်မယ် ဆင်းတယ်၊ နေမင်းကပူ
သည်နေပူ ဘိက္ခူလုပ်မယ်၊ ဗန်းကုပ်နဲ့လေး။
၅။ ခါးပုံကို မောင်ဖြုတ်လို့၊ ချွေးသုတ်တော့ပေး
စီးပလေစေ မောင်မသုတ်နဲ့၊ တုတ်တုတ်ကျ ချွေး။
၆။ ပျိုလေးတို့ လယ်တလျှောက်
ပေါက်လာပါတဲ့ မှိုနတို၊ ဟင်းချိုလှသေး။
အချိန်တန်၊ အိမ်ပြန်လျှင် ပျို့ချစ်ဦးရယ်၊ ခူးခဲ့ပါလေး။
၇။ သမင်က တောက်၊ ချေက ဟောက်
မျောက်က ကြိုးခွေ၊ ဒေါင်း အိုးဝေ။
ဒေါင်းအိုးဝေ ကြိုးခွေ မျောက်ကြောင့်
ပျိုကြောက်တယ်လေး။
၈။ လမ်းလယ် ချုံရိပ်ကြောင့်၊ ပျိုထိတ်တယ်လေး
ကွယ်လေးရယ် ငွေဓါးလွယ်နဲ့၊ လမ်းဖယ်လှည့်လေး။
၉။ စကားဝါ ငုံတံသေး၊ မြင်းပေါ်ကပေး။
မောင်ပေးလို့ မပန်ထိုက်တယ်၊ မြင်းမိုက်ကပြေး။
၁၀။ မိုးချုပ်ယင် ကြိုလှဲ့လို့ မှာခဲ့သလေး။
ဖန်မီးအိမ် နန်းခြည်ကျွမ်းအောင်၊ ထွန်းကြိုလှဲ့လေး။
၁၁။ ရွှေနံ့သာခေါက်ကိုလ
ကျောက်ပေါ်မှာတင်၊ ခန်းခွင်က သွေး။
လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး။
ကျေးလက်တေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment