Tuesday, August 27, 2013

ငါလုပ်သလို လိုက်လုပ်နိုင်ပါ့မလား


         သူငယ်ချင်း တစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး ရှေ့မှာ အချိုရည်ထည့်ထားတဲ့ ဖန်ခွက်

တစ်လုံးစီနဲ့၊ တစ်သျှူး စက္ကူအလုံးလေး တစ်လုံးစီ ပုံမှာ ပြထားတဲ့ အတိုင်း ချထားလိုက်ပါ။ ပြီးရင်

သူငယ်ချင်းကို “ မင်း... ငါလုပ်သလို လိုက်လုပ်နိုင်မလား ” လို့ မေးပြီး သူငယ်ချင်းက “ လုပ်နိုင်တာပေါ့ ”

လို့ပြောရင် “ ကောင်းပြီ မင်းငါလုပ်သလို တစ်ခု မကျန် လိုက်လုပ်နိုင်ရမယ်နော် ” လို့ ထပ်ပြောပါ။

 သူငယ်ချင်းက “ငါ အသေအချာ လုပ်နိုင်ပါတယ်” လို့ ဆိုရင် စလို့ရပါ ပြီ။

            ဘယ်လို လုပ်ရမလဲ အပြည့်အစုံဖတ်ရန်မှာ နှိပ်ပြီး ကြည့်လိုက်ကြရအောင်။



      ပထမဦးဆုံး အလယ်မှ တစ်သျှူး စက္ကူလုံးလေးကို ညာဘက်သို့ ရွှေ့လိုက်ပါ။ သူလည်း သင့်လို

လိုက်ရွှေ့ပါလိမ့် မယ်။


  

 ပြီးရင် တစ်သျှူး စက္ကူလုံးလေးကို ဘယ်ဘက်သို့ ထပ်ရွှေ့လိုက်ပါဦး သူလည်း လိုက်ရွှေ့ပါလိမ့်မယ်။




  ပြီးတော့ ဖန်ခွက်ထဲက အချိုရည်ကို တစ်ခါ မော့သောက်လိုက်ပါ သူလည်း လိုက်သောက်ဦးမှာပဲ။



 ပြီးရင် တစ်သျှူး စက္ကူလုံးလေးကို အလယ်ကို ပြန်ရွှေ့လိုက်ပါ သူလည်း လိုက်ရွှေ့မယ်။




  ပြီးရင် တစ်သျှူး စက္ကူလုံးလေးကို ညာဘက်သို့ ထပ်ရွှေ့လိုက်ပါ သူလည်း လိုက်ရွှေ့မယ်။



         အဲဒီ အခါကြတော့မှ သင်က သင့်ပါးစပ်ထဲ ငုံထားတဲ့ အချိုရည်များကိုအချိုရည်ခွက်ထဲသို့

 ထွေးချပြလိုက်ပါ။



        သူ မလုပ်နိုင်တော့ပါဘူး။

        အချိုရည်ကို သောက်ခဲ့စဉ်က မျိုမချဘဲ ပါးစပ်ထဲမှာပဲ ငုံထားလိုက်ပေါ့။ သူကတော့ သင်

မျိုချတယ် ထင်ပြီး  လိုက်မျိုချပြီးလို့ သူ့မှာ ပြန်ထွေး ထုတ်စရာ မရှိတော့ပါဘူး။


                                 သူငယ်ချင်းတို့ ပျော်ရွှင်ပါစေနော်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...