Saturday, August 24, 2013
ဘေးအိမ်က ဥစားကြက်
တစ်ခါက အိမ်ရှင်အမျိုးသမီး တစ်ဦးသည် ခြံနောက်ရှိ မြေကွက်လပ်တွင် သီးပင်များကို
တနိုင်စိုက်ပျိုးထားသည်။ အိမ်ဘေးရှိ အိမ်နီးချင်းကလည်း ခြံထဲတွင် ဥစားကြက်များကို မွေးမြူ
ထားသည်။ ကြက်များသည် စည်းရိုးကျော်ပြီး သီးပင်များကို အမြဲလာရောက် ဖျက်ဆီးတတ်သည်။
အိမ်ရှင်မက ကြက်ပိုင်ရှင်အား ပြောပြခဲ့သော်လည်း ကြက်များက ခြံထဲသို့ လာရောက် ဖျက်ဆီးမြဲ
ဖြစ်သည်။ ထိုသေးငယ်သော ကိစ္စဖြင့် အိမ်နီးချင်းမိတ်ဆွေနှင့် အချင်း မများချင်သော အိမ်ရှင်မက
သီးပင်များကို ကြက်များလာရောက် မဖျက်ဆီးရန် အကြံဥာဏ် ထုတ်လေ သည်။
သူသည် ကြက်ဥများဝယ်ပြီး ဘေးအိမ်သို့ သွားရောက်လက်ဆောင် ပေးခဲ့သည်။
ကြက်ပိုင်ရှင်က ကျေးဇူးတင် ကြောင်းပြောသောအခါ သူက “ကျေးဇူးတင်စရာ မလိုပါဘူး...
ကျွန်မတို့ အိမ်မှာ ကြက်ဥတွေ စားလို့ မကုန်နိုင် ဖြစ်နေတယ်။ ဒါကြောင့် ဥတွေ မပုပ်ခင်
အိမ်နီးချင်းတွေကို လိုက်ဝေနေတာ” ဟု ပြောလိုက်သည်။ ကြက်ပိုင်ရှင်က တအံတသြဖြင့်
“ ကြက်မွေးထားတာလဲ မတွေ့ဘဲနဲ့ ဘယ်ကစား မကုန်တဲ့ ကြက်ဥတွေ ရခဲ့တာလဲ”ဟု
ပြန်မေးလေသည်။ “ကျွန်မတို့ နောက်ဖေးခြံမှာ ကြက်တွေ နေ့တိုင်းပဲ ဥလာဥထားကြတယ်
လေ...အဲဒါကြောင့်ပေါ့” နောက်တစ်နေ့တွင် သီးပင်များကို ကြက်များ လာရောက်မဖျက်ဆီး
တော့ပေ။
တချို့လူတွေက အမြတ်ထဲက အရှုံးပေါ်မှ ကိုယ်ချင်းစာရမယ်မှန်း သိတော့တယ်။
တချို့ ကိစ္စတွေက ရန်ဖြစ် ငြင်းခုန်တိုင်း ပြီးသွားမှာ မဟုတ်တဲ့အပြင် မိတ်ပါပျက်ရပါတယ်။
မိတ်မပျက်ဘဲ ကျေအေးစေတာကတော့ ဖြတ်ထိုးဥာဏ်ပဲဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw
Subscribe to:
Post Comments (Atom)
No comments:
Post a Comment