ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီး သူမများက မေးခဲ့ဖူးတဲ့ ဉာဏ်စမ်းလေးပါ။
သိတဲ့သူလည်း များကြပါတယ်။ ဒါပေမယ့် မသိတဲ့သူများအဖို့တော့ အသစ်ပေါ့ တစ်ခြားမဟုတ်ပါ
“ခိုခွဲ၊ ၀မ်းဘဲ ငါးကျပ်၊ စာ တစ်မတ်၊ အကောင်အစိတ် ငွေအစိတ်” ဆိုတဲ့ ဉာဏ်စမ်းလေးပါ။ အဓိပ္ပါယ်က
ခိုတစ်ကောင်ကို ၂ ကျပ်ခွဲ (၂ ကျပ် ၅၀ ပြား)၊ ၀မ်းဘဲ တစ်ကောင်ကို ၅ ကျပ်၊ စာတစ်ကောင်ကို တစ်မတ်
(၂၅ ပြား) နှုန်းနဲ့ ငွေ အစိတ် (၂၅ ကျပ်) ကို အကောင်အစိတ်(၂၅ ကောင်) ကွက်တိရအောင် ၀ယ်ပေးရ
မှာပါ။ ကဲ သိသူများကတော့ ထားလိုက်ပါတော့ မကြားဖူးသေးသူများ စဉ်းစားကြည့်ပြီး အောက်က
အဖြေကြည့်ရန် မှာတိုက်ကြည့်လိုက်ပါနော်။
အဖြေကတော့........
အမည် နှုန်း ကောင်ရေ သင့်ငွေ
ခို ၂ ကျပ်ခွဲ ၂ ၅ ကျပ်
ဝမ်းဘဲ ၅ ကျပ် ၃ ၁၅ ကျပ်
စာ ၂၅ ပြား
၂၀ ၅ ကျပ်
------------- -------------
၂၅
ကောင် ၂၅ ကျပ်
No comments:
Post a Comment