ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊ ထို့နောက်
မိမိ၏ တပည့်ကို ပြောသည်။
" ဟေ့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
လူသတ်သမား
တရားသူကြီးက တရားခံကို မေးသည်။
"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
တောင်းပန်တယ်
အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။
"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
No comments:
Post a Comment