Saturday, August 24, 2013
ပျံသန်းနိုင်မည့် ဂျက် ကျောပိုးအိတ် ဈေးကွက်အတွင်းသို့ ရောက်ရှိတော့မည်
ဂျက်အင်ဂျင် တပ်ဆင်ထားသော ကျောပိုးအိတ်ကို ၀တ်ဆင်ကာ လေထဲတွင် ပျံသန်းနိုင်မည့်
ဂျက် ကျောပိုးအိပ်ကို နယူးဇီလန် ကုမ္ပဏီက ထုတ်လုပ်ခွင့်ပါမစ် ရရှိခဲ့ပြီး လာမယ့် ၁၀၁၄ ခုနှစ်
အတွင်း ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်တော့မည်ဖြစ်သည်။
၎င်း ဂျက်ကျောပိုးအိတ်ကို ဂလန်းမာတင် ဆိုသူက နှစ်ပေါင်း ၃၀ ကျော်ကြာ တီထွင်
ကြံဆမှုများ ပြုလုပ်ခဲ့ပြီးနောက်ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကျောပိုးအိတ်ကို လေယာဉ်မောင်း
သင်တန်း တက်ရောက်ထားခြင်း မရှိသောသူများပင်မောင်းနှင်နိုင်မည် ဖြစ်သည်။ ၎င်း ဂျက်ကျောပိုး
အိတ်၌ ဆလင်ဒါ နှစ်လုံး တပ်ဆင်ထားပြီး၊ ထိန်းချုပ် မောင်းနှင်နိုင်သည့် လက်ကိုင် နှစ်ခုနှင့်
အသက်ကယ် လေထီး ပါရှိကာ မောင်းနှင်သူအတွက် ဖိုက်ဘာခြေနင်း တပ်ဆင်ထားကြောင်း
သိရသည်။
ထိုဂျက်ကျောပိုးအိတ်ကို လာမည့် ၂၀၁၄ ခုနှစ်အတွင်း စစ်တပ်သုံး ဂျက်ကျောပိုးအိတ် ပုံစံ ဒီဇိုင်းနှင့်
ကယ်ဆယ်ရေးလုပ်ငန်းသုံး ဂျက်ကျောပိုးအိတ် ဒီဇိုင်း ပုံစံများ ပြုလုပ်ကာ စတင် ရောင်းချသွားမည်
ဖြစ်ပြီး အရပ်သုံး ဂျက်ကျောပိုးအိတ် ပုံစံဒီဇိုင်းကို လာမည့် ၂၀၁၅ ခုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်
ဒေါ်လာ ၁၅၀,၀၀၀ - ၂၅၀,၀၀၀ ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဟု ဂျက်ကျောပိုးအိတ် ထုတ်လုပ်
ရောင်းချသူ မာတင်အဲယားခရက် ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာက ထုတ်ဖေါ်ပြောကြား သွား
ခဲ့သည်။ သို့ရာတွင် ယင်း ဂျက်ကျောပိုးအိတ်သည် အမြင့်ပေ (၂၀) ၀န်းကျင်သာ ပျံဝဲနိုင်ပြီး
မြေပြင်သို့ ပြန်လည်ဆင်းသက်ရာတွင် အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။
Ref: (ကိုစိုး) ပြည်မြန်မာ ဂျာနယ် (၂၂ . ၈ . ၂၀၁၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment