လင်မယားနှစ်ယောက်အနက် ယောက်ကျားဖြစ်သူက ငါးဖမ်းဝါသနာပါတယ်။
ဇနီးဖြစ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်ဖြစ်သူ ငါးဖမ်းပြီး
ပြန်အလာ ဇနီးဖြစ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက်
လှော်ထွက်လာခဲ့တယ်။
မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊ စာဖတ်လိုက် လုပ်နေတုန်း
မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။ လှေချင်းယှဉ်လိုက်မိတော့ ရဲသားက
လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကိ ကြည့်ပြီး
" ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"
အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"
" ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့
မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"
" ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်"
" ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"
" အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"
No comments:
Post a Comment