ဒီတစ်ခါ မေးမယ့် ပုစ္ဆာလေးက ပေးထားချက်ရော မေးခွန်းရော သေသေချာချာဖတ်ပြီး
ဖြေဆိုရပါမယ်။ လွယ်မလိုလိုနဲ့ ခက်မယ်နော် ခိခိ သေချာကြည့်။
လမ်းပေါ်မှာ အမွှာကလေးနှစ်ယောက် ရုပ်ချင်းသိပ်ဆင်တူနေလို့ မေးကြည့်လိုက်တော့
(၁) အနက်ရောင် ဆံပင်နဲ့ ကလေးက ပြောတယ် “ကျွန်တော်သည် ယောက်ကျားလေး
ဖြစ်ပါတယ်”
(၂) အညိုရောင် ဆံပင်နဲ့ ကလေးကတော့ “ကျွန်မသည် မိန်းကလေး ဖြစ်ပါတယ်” တဲ့။
(၃) သူတို့ နှစ်ဦးအနက် အနည်းဆုံး တစ်ဦးဟာ သင့်ကို လိမ်ပြောနေပါတယ်။
ပေးထားချက် ၃ ချက်ကို သေသေချာချာဖတ်ပြီးပြီလား ဒါဆို မေးခွန်းမေးမယ်နော်
သေချာဖတ်ဦး.....
သူတို့ထဲက သင့်ကို လိမ်ပြောနေတာ ယောက်ကျားလေးလား၊ မိန်းကလေးလား ဖြေပါ။
စဉ်းစားပြီးရင် အပြည့်အစုံဖတ်ရန် မှာ နှိပ်ပြီး ကြည့်လိုက်နော်။
အဖြေကတော့ ၂ ယောက်စလုံး လိမ်ပြောနေပါတယ်တဲ့။
ဟုတ်တယ်လေ တစ်ယောက်ယောက်ပဲ လိမ်နေတာဆိုရင် နှစ်ယောက်လုံးဟာ
ယောက်ကျားလေး သို့မဟုတ် မိန်းခလေးတွေချည်း ဖြစ်ကုန်မှာပေါ့။ ဒီတော့ နှစ်ယောက်လုံး
လိမ်ပြောနေတာပေါ့။ ပေးထားချက် (၃) မှာ ကြည့်လေ အနည်းဆုံး တစ်ယောက်က
လိမ်ပြောနေပါတယ်လို့ ဆိုထားတယ်လေ။ ခိခိ။ ခုဟာက နှစ်ယောက်စလုံး လိမ်တာဆိုတော့
ကိုက်တာပေါ့နော်။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ
No comments:
Post a Comment