ပုံမှာ ပြထားတဲ့အတိုင်း ဘယ်ဘက်က ဖန်ခွက် ၃ လုံးမှာ အချိုရည် ဖြည့်ထားပါတယ်။
ညာဘက်က ဖန်ခွက် သုံးလုံးကတော့ အလွတ်တွေပေါ့။ အဲဒီလို အစီအစဉ်ကနေ အချိုရည်ပါတဲ့
ဖန်ခွက်များဟာ ဖန်ခွက်လွတ်များနဲ့အောက်ကပုံစံအတိုင်း တစ်လုံးခြားစီဖြစ်သွားအောင်
လုပ်ပေးရမှာပါ။
ဒီလို လုပ်တဲ့ အခါမှာ သင်ဟာ ဖန်ခွက် တစ်လုံးတည်းကိုပဲ ထိတွေ့ခွင့် ရှိသလို သင့်ရဲ့
လုပ်ဆောင်ချက်ဟာလည်း တစ်ကြိမ်တည်းပဲ ခွင့်ပြုပါတယ်။
ကဲ ဘယ်လိုလုပ်မလဲ အောက်က အပြည့်အစုံဖတ်ရန်မှာ သင့်ရဲ့ အဖြေကို တိုက်ကြည့်နိုင်ပါတယ်။
ဒုတိယ ဖန်ခွက်ကို ယူလိုက်ပြီးတော့ ပဉ္စမ ဖန်ခွက်ထဲကိုအချိုရည်များကို လောင်းထည့်
လိုက်ပြီး ဒုတိယဖန်ခွက်ကို သူ့နေရာသူ ပြန်ထားလိုက်ပါ။ ဒါဆို ဒီလို လေး ဖြစ်သွားပြီပေါ့နော်။
No comments:
Post a Comment