ဝေဖန်ရေး လေကန်ရေးတွေ မလာခင်
ဒီကဗျာ ဒီမှာတင်ပဲ စလိုက်ရအောင်။
ဒီကဗျာ ဒီမှာတင်ပဲ စလိုက်ရအောင်။
ငါတို့ရောက်ခဲ့ပြီ...
ဝိနိပါတ မွှေနှောက်လို့
ကျွမ်းထိုးမှောက်ခုံနဲ့
ငါတို့ရောက်ခဲ့တဲ့ တံခါး ၃၁ ပေါက်
ခု .. ဘယ်နှစ်ချပ်မြောက်ပါပြီလဲ။
ငါတို့ ရောက်ခဲ့ပြီ...
ဟိုင်းရော့ ဆိုပြီး ကြိုးဝိုင်းထဲခုန်ဝင်သလို
ငါတို့ ရောက်ခဲ့ပြီ။
ငါတို့ ရောက်ခဲ့ပြီ...
မီးသတ်ကားတွေ ရောက်လာသလို
ပုဇင်းရင်ကွဲတွေ သံပြိုင်အော်လိုက်သလို
ပြောင်းဝက ကျည်ဖူးထွက်လာသလို
သမင်ကို ခြင်္သေ့ ခုန်အုပ်လိုက်သလို
ငါတို့ ရောက်ခဲ့ပြီ။
သစ်ရွက်တွေ သီခဲ့ကြ
အ၀တ်တွေ ချုပ်ခဲ့ကြ
မောင့်ကျက်သရေတွေ ပေါင်းခဲ့ကြ
လည်ပင်းအစ်အောင်
နက်ကတိုင်လ်တွေ အတင်းဆွဲညှစ်ခဲ့ကြ။
ဂူအောင်း ပရိုင်းမိတ်ကတဆင့်
အရိုင်းစိတ်ဝင်ခဲ့တာလား
ယဉ်ကျေးခဲ့တာလား
တရုတ်ဆိုင်ကယ်တွေပေါ်မှာ
နိုက်ကလပ်တွေပေါ်မှာ
ဟန်းဖုန်းတွေပေါ်မှာ
ဓါတ်မီးတိုင်တွေပေါ်မှာ
ကီးဘုတ်တွေပေါ်မှာ
အခန့်သားထိုင်လို့။
အရေးဆို
သေး သဝေထိုးပေါက်သူပေါက်
တောက်မယ်ထင်ပြီး
ပိုးစုန်းကြူးကို မီးမှုတ်သူမှုတ်
ရှင်ဘုရင်လုပ်သူလုပ်
အင်ဂျင်နီယာလုပ်သူလုပ်
ရှုပ်သူကရှူပ် ရှင်းသူကရှင်း
လည်စင်းသူကလည်စင်း သတ်သူကသတ်
လက်ထပ်သူ လက်ထပ်
အမြတ်တွက်သူတွက်
ရဟတ်လှည့်သူလှည့်။
ဂေါတမလား
သျှီဝ ဗိဿနိုး ဗြဟ္မဏလား
မိုဟာမက်လား
ယေရှုလား
ဒေ၀ဒတ် အင်္ဂုလိမာလ
သစ္စက အဇာတသတ်
အနန္ဒာ မောဂ္ဂလန်
နန္တောပနန္ဒ ဇောတိက
ငါတို့ အားလုံး ဖြစ်ခွင့်ရခဲ့ကြပါတယ်။
တို့ရဲ့ဗုဒ္ဓ
ရေမီးအစုံ တန်ခိုးအကုန်ပြခဲ့တယ်
အစိုးရဟာလည်း
ဗုဒ္ဓ မဟုတ်လေတော့
ဘယ်မှာ ရေအစုံ မီးအစုံ ပြနိုင်မလဲ
ဒါလည်း သည်းညည်းခံခဲ့ပါတယ်။
ငိုချင်စရာကောင်းအောင်ကို
ငါသေချင်ခဲ့တယ်
ရီချင်စရာကောင်းအောင်ကို
ငါ မသေရဲခဲ့ဘူး။
သူတပါးကို ချုပ်ဆိုလိုက်တာကြောင့်
ငါ လှုပ်မရခဲ့တော့ဘူး။
တချိန်က ငါ့ရဲ့
အချစ်သူရဲကောင်းမလေး
ခုတော့လဲ
လက်နှီးစုတ်အဟောင်းကလေး ပုံထားသလိုပါပဲလား
အနိစ္စ ဒုက္ခ အနတ္တ ပါဘုရား။
ဘာမှမရှိလို့ ငွေရှိခဲ့တာလား
ငွေရှိလို့ ဘာမှမရှိခဲ့တာလား
ဘာမှမရှိလို့ အကုန်ရှိခဲ့တာလား
အကုန်ရှိလို့ ဘာမှမရှိခဲ့တာလား။
ငါတို့ ဘာမူးနေတာလဲ
အချစ်မူးနေတာလား
ငွေမူးနေတာလား
အရက်မူးနေတာလား
အာဏာမူးနေတာလား
ဆုတံဆိပ်မူးနေတာလား။
အင်တာနက်ကပဲ အချစ်ကို ဖန်တီးခဲ့တာလား
အချစ်ကပဲ အင်တာနက်ကို ဖန်တီးခဲ့တာလား
သေချာတာက တခုခုတော့
တွန့်လိမ်ပျက်စီးသွားရမှာပဲ။
ပျော်ပွဲစားတဲ့
ပျော်လို့လား စိတ်ညစ်လို့လား
အဓိပ္ပါယ်တဲ့
သူကိုယ်တိုင်ကရော အဓိပ္ပါယ် ရှိပါသလား။
နိုင်ငံတော်ကို
ချစ်သူ ဖျက်ဆီးသူ
တကယ်တော့ ငါတစ်ယောက်တည်းပါပဲ။
ငါတို့ မသိနိုင်တော့ဘူး
ငါတို့ မမှတ်မိနိုင်တော့ဘူး
၆၄ ကြိမ် ကမ္ဘာပြန်အလာ
ဘယ်သူပါမယ် မသိနိုင်တော့ဘူး။
ဘ၀ကို မြေပဲဆားလှော်လိုဝါးပြီး
ငါ လိုက်မြည်းကြည့်ခဲ့မိတာတွေပါ။
ပြီးရင် ငါတို့ ထွက်သွားရမယ်
အနီကဒ်ပြ အထုတ်ခံရသလို
မီးငြိမ်းလို့ မီးသတ်ကားတွေ ပြန်သလို
အလုပ်ပြုတ် အလုပ်သမားရဲ့ အိမ်အပြန်လို
ပွဲပြီးလို့ ဇတ်ရုံက အန်ထုတ်လိုက်သလို
နေ့တွက်မကိုက်တဲ့ ပြည့်တန်ဆာမ
အရင်းတွက်မရ အမြတ်တွက်မရသလို
ဘယ်ဆီလို့ မသိတဲ့ဆီကို
အို........
ငါ ငိုငိုနေတာ
ဘယ်နှစ်ကမ္ဘာ ကြာမြင့်ခဲ့ပါပြီလဲ။ ။
လေးစားစွာဖြင့်
ကိုသန်းဇော်
ဝန်ခံချက်။ ။ ဆရာအောင်ချိမ့်၏ အတွေးများကို အခြေပြုခဲ့ပါတယ်။
ဝိနိပါတ မွှေနှောက်လို့
ကျွမ်းထိုးမှောက်ခုံနဲ့
ငါတို့ရောက်ခဲ့တဲ့ တံခါး ၃၁ ပေါက်
ခု .. ဘယ်နှစ်ချပ်မြောက်ပါပြီလဲ။
ငါတို့ ရောက်ခဲ့ပြီ...
ဟိုင်းရော့ ဆိုပြီး ကြိုးဝိုင်းထဲခုန်ဝင်သလို
ငါတို့ ရောက်ခဲ့ပြီ။
ငါတို့ ရောက်ခဲ့ပြီ...
မီးသတ်ကားတွေ ရောက်လာသလို
ပုဇင်းရင်ကွဲတွေ သံပြိုင်အော်လိုက်သလို
ပြောင်းဝက ကျည်ဖူးထွက်လာသလို
သမင်ကို ခြင်္သေ့ ခုန်အုပ်လိုက်သလို
ငါတို့ ရောက်ခဲ့ပြီ။
သစ်ရွက်တွေ သီခဲ့ကြ
အ၀တ်တွေ ချုပ်ခဲ့ကြ
မောင့်ကျက်သရေတွေ ပေါင်းခဲ့ကြ
လည်ပင်းအစ်အောင်
နက်ကတိုင်လ်တွေ အတင်းဆွဲညှစ်ခဲ့ကြ။
ဂူအောင်း ပရိုင်းမိတ်ကတဆင့်
အရိုင်းစိတ်ဝင်ခဲ့တာလား
ယဉ်ကျေးခဲ့တာလား
တရုတ်ဆိုင်ကယ်တွေပေါ်မှာ
နိုက်ကလပ်တွေပေါ်မှာ
ဟန်းဖုန်းတွေပေါ်မှာ
ဓါတ်မီးတိုင်တွေပေါ်မှာ
ကီးဘုတ်တွေပေါ်မှာ
အခန့်သားထိုင်လို့။
အရေးဆို
သေး သဝေထိုးပေါက်သူပေါက်
တောက်မယ်ထင်ပြီး
ပိုးစုန်းကြူးကို မီးမှုတ်သူမှုတ်
ရှင်ဘုရင်လုပ်သူလုပ်
အင်ဂျင်နီယာလုပ်သူလုပ်
ရှုပ်သူကရှူပ် ရှင်းသူကရှင်း
လည်စင်းသူကလည်စင်း သတ်သူကသတ်
လက်ထပ်သူ လက်ထပ်
အမြတ်တွက်သူတွက်
ရဟတ်လှည့်သူလှည့်။
ဂေါတမလား
သျှီဝ ဗိဿနိုး ဗြဟ္မဏလား
မိုဟာမက်လား
ယေရှုလား
ဒေ၀ဒတ် အင်္ဂုလိမာလ
သစ္စက အဇာတသတ်
အနန္ဒာ မောဂ္ဂလန်
နန္တောပနန္ဒ ဇောတိက
ငါတို့ အားလုံး ဖြစ်ခွင့်ရခဲ့ကြပါတယ်။
တို့ရဲ့ဗုဒ္ဓ
ရေမီးအစုံ တန်ခိုးအကုန်ပြခဲ့တယ်
အစိုးရဟာလည်း
ဗုဒ္ဓ မဟုတ်လေတော့
ဘယ်မှာ ရေအစုံ မီးအစုံ ပြနိုင်မလဲ
ဒါလည်း သည်းညည်းခံခဲ့ပါတယ်။
ငိုချင်စရာကောင်းအောင်ကို
ငါသေချင်ခဲ့တယ်
ရီချင်စရာကောင်းအောင်ကို
ငါ မသေရဲခဲ့ဘူး။
သူတပါးကို ချုပ်ဆိုလိုက်တာကြောင့်
ငါ လှုပ်မရခဲ့တော့ဘူး။
တချိန်က ငါ့ရဲ့
အချစ်သူရဲကောင်းမလေး
ခုတော့လဲ
လက်နှီးစုတ်အဟောင်းကလေး ပုံထားသလိုပါပဲလား
အနိစ္စ ဒုက္ခ အနတ္တ ပါဘုရား။
ဘာမှမရှိလို့ ငွေရှိခဲ့တာလား
ငွေရှိလို့ ဘာမှမရှိခဲ့တာလား
ဘာမှမရှိလို့ အကုန်ရှိခဲ့တာလား
အကုန်ရှိလို့ ဘာမှမရှိခဲ့တာလား။
ငါတို့ ဘာမူးနေတာလဲ
အချစ်မူးနေတာလား
ငွေမူးနေတာလား
အရက်မူးနေတာလား
အာဏာမူးနေတာလား
ဆုတံဆိပ်မူးနေတာလား။
အင်တာနက်ကပဲ အချစ်ကို ဖန်တီးခဲ့တာလား
အချစ်ကပဲ အင်တာနက်ကို ဖန်တီးခဲ့တာလား
သေချာတာက တခုခုတော့
တွန့်လိမ်ပျက်စီးသွားရမှာပဲ။
ပျော်ပွဲစားတဲ့
ပျော်လို့လား စိတ်ညစ်လို့လား
အဓိပ္ပါယ်တဲ့
သူကိုယ်တိုင်ကရော အဓိပ္ပါယ် ရှိပါသလား။
နိုင်ငံတော်ကို
ချစ်သူ ဖျက်ဆီးသူ
တကယ်တော့ ငါတစ်ယောက်တည်းပါပဲ။
ငါတို့ မသိနိုင်တော့ဘူး
ငါတို့ မမှတ်မိနိုင်တော့ဘူး
၆၄ ကြိမ် ကမ္ဘာပြန်အလာ
ဘယ်သူပါမယ် မသိနိုင်တော့ဘူး။
ဘ၀ကို မြေပဲဆားလှော်လိုဝါးပြီး
ငါ လိုက်မြည်းကြည့်ခဲ့မိတာတွေပါ။
ပြီးရင် ငါတို့ ထွက်သွားရမယ်
အနီကဒ်ပြ အထုတ်ခံရသလို
မီးငြိမ်းလို့ မီးသတ်ကားတွေ ပြန်သလို
အလုပ်ပြုတ် အလုပ်သမားရဲ့ အိမ်အပြန်လို
ပွဲပြီးလို့ ဇတ်ရုံက အန်ထုတ်လိုက်သလို
နေ့တွက်မကိုက်တဲ့ ပြည့်တန်ဆာမ
အရင်းတွက်မရ အမြတ်တွက်မရသလို
ဘယ်ဆီလို့ မသိတဲ့ဆီကို
အို........
ငါ ငိုငိုနေတာ
ဘယ်နှစ်ကမ္ဘာ ကြာမြင့်ခဲ့ပါပြီလဲ။ ။
လေးစားစွာဖြင့်
ကိုသန်းဇော်
ဝန်ခံချက်။ ။ ဆရာအောင်ချိမ့်၏ အတွေးများကို အခြေပြုခဲ့ပါတယ်။
No comments:
Post a Comment