Tuesday, August 13, 2013

ပျဉ်းမငုတ်တို

       ဒီပို့စ်လေးကို ရေးထားတာကတော့ အရင်လ ကတည်းကပါ။ ဆိုဒ်ထဲကို ၀င်လို့မရတော့

အခုမှပဲ တင်လိုက်ရပါတော့တယ်။ သူငယ်ချင်းတို့ ပျော်ရွှင်နိုင်ကြပါစေ။

                  ++++++++++++++++++++++++++++++++++
        “ဟေ့ ညီလေး မာန်လက်ျာ ဘယ်သွားမလို့လဲကွ”

        “ဟာ အကိုသန်းဇော် ဟို...... ကျနော် အရပ်ဇတ်ပွဲအတွက် ဇတ်တိုက်သွားမလို့ဗျ”

        “ ဟ .... ဘယ်မှာ အရပ်ဇတ်ရှိလို့လဲကွ”

        “ အော် အကိုကလည်း ဖူးစာရှင်လေးမှာ ဒီလ မတ်လ (၂၇) ရက် တပ်မတော်နေ့

အထိမ်းအမှတ် ဂုဏ်ပြု အငြိမ့်ပွဲရှိတယ် အဲဒီမှာ မန်ဘာသူငယ်ချင်းတွေ က ကြမှာလေ။

မနှစ်က သီတင်းကျွတ်လပြည့်ညမှာ အကိုနေထွန်းလှိုင်ရေးတဲ့ “ဗိုလ်အောင်ဒင်” ပြဇတ် ကခဲ့

ကြတာလေ။ ဒီနှစ်လည်း အကိုနေထွန်းလှိုင်ပဲရေးတဲ့ တပ်မတော်နေ့ဂုဏ်ပြုဇတ်လမ်းဖြစ်တဲ့

“ပျဉ်းမငုတ်တို” ဇတ်လမ်းကို ကကြမှာ။

          “ဟေ............ ဟုတ်လား။ အကိုတောင် မသိသေးဘူးကွာ။ ခုရက်ပိုင်း လိုင်းပေါ်

သိပ်မတက်ဖြစ်တော့ အဲဒီအစီအစဉ်ကို အကို မသိလိုက်ဘူး။ အဲဒီ ပျဉ်းမငုတ်တို ဇတ်ကားက

အကိုတို့ ငယ်ငယ်က ရုပ်ရှင်ကြည့်ရတယ်ကွ သိပ်ကောင်းတယ်ကွာ မြန်မာ့တော်လှန်ရေး

တပ်မတော်သားတွေကို ဂုဏ်ပြုပြီး ရိုက်ထားတဲ့ ဇတ်ကားကွ အကိုသိပ်ကြိုက်တယ်ကွာ။

ဗိုလ်အောင်ဒင် လိုပဲ တကယ် ကောင်းတဲ့ကားကွ။ အကို လာဖြစ်အောင်ကို လာပြီး ညီလေးတို့

ကတာကို အားပေးဦးမယ်ကွာ ငယ်ဘ၀ အလွမ်းပြေပေါ့”

        “အားပေးဦးဗျာ အကို။ ကျနော်က ဒီဇတ်လမ်းမှာ မပါမဖြစ် အဓိက သရုပ်ဆောင်ရမှာဗျ။

ကျနော့်နေရာက အရေးကြီးတယ်။ ဒါ့ကြောင့် ဇတ်တိုက်ဖို့ သွားလိုက်ဦးမယ် အကိုရေ ဟိုမှာ

ဇတ်တိုက်ဖို့ သူငယ်ချင်းတွေ စောင့်နေကြမှာဗျ တာ့တာနော် ကိုကြီး”

         “အော်.....အေးအေး..... သွားသွား ငါ့ညီ နောက်မှ အေးဆေးတွေ့ကြမယ်ကွာ တာ့တာ”

          မာန်လက်ျာတစ်ယောက် ခပ်သုတ်သုတ်ထွက်သွားလေရဲ့။ အင်း သူက အဓိက သရုပ်ဆောင်

မပါလို့ မဖြစ်ဘူးဆိုတော့ ဘယ်နေရာကများ သရုပ်ဆောင်မှာပါလိမ့် မေးတောင် မမေးလိုက်ရဘူး။

အင်းလေ ငါ သွားကြည့်တော့ သိရမှာပဲ ငါလည်း သွားဖြစ်အောင်ကို သွားကြည့်ရမယ်။

                        +++++++++++++++++++++++++++

        ဒီလိုနဲ့ ဇတ်ပွဲကတဲ့ မတ်လ (၂၇) ရက်နေ့ည ဖူးစာရှင်မြို့လယ် လမ်းဆုံမှာ “ဖူးစာရှင်လေး

အငြိမ့်” ဆိုတဲ့ နဖူးစီးစာတမ်းကြီးနဲ့ မီးရောင်စုံ ဆလိုက်များနဲ့ ခမ်းနားလှပါစွာ တွေ့ရပါတယ်။

အငြိမ့်အစပိုင်းမှာ ရှေ့ထွက်မင်းသမီး ညီမလေး လွမ်းနေသူ၊ ခေါင်းဆောင်မင်းသမီး မမာမာ၊

လူရွှင်တော်များအဖြစ် ကိုနေ၊ ကိုထွန်းထွန်းဝင်း၊ မောင်၊ ကိုဇက် တို့က အငြိမ့်ခန်းနဲ့ ကပြခဲ့

ကြပါတယ်။ ဖူးစာ မန်ဘာများလည်း တ၀ါးဝါး တဟားဟားနဲ့ ရယ်မော အားပေးကြလို့ပေါ့။

အဲဒီနောက်တော့ ပြဇတ်ဆရာ အကိုနေထွန်းလှိုင်ရေးတဲ့ တော်လှန်ရေး တပ်မတော်သားများကို

ဂုဏ်ပြုဇတ်လမ်းဖြစ်တဲ့ “ပျဉ်းမငုတ်တို” ပြဇတ်ကို ဆက်လက် ကပြကြပါတယ်။ ဇတ်လမ်းကောင်း

သရုပ်ဆောင်တွေကလည်းကောင်းတော့ ကြည့်ရတာ အရမ်းကို အားရစရာပါပဲဗျာ။ ဗိုလ်မှူးချစ်စံ

အဖြစ် ကိုကြီးစိုး၊ မခင်နုအဖြစ် မခိုင်ဝါမိုး၊ ရဲဘော်မောင်တူးအဖြစ် ညီလေး ရှောက်သီး၊

မိချိုအဖြစ်ရွှေ့အဆင်းဖူးဖူး၊ ကိုဆေးရိုးအဖြစ် ကိုလူကြမ်း တို့က အသီးသီး သရုပ်ဆောင်သွားကြ

တာ သိပ်ကိုကောင်းတာပဲဗျာ။

              အော် ဒါနဲ့ ညီလေး မာန်လက်ျာတစ်ယောက် သရုပ်ဆောင်တာ မတွေ့လိုက်ရပါလား။

နောက်ဆုံး ဇတ်ပို့၊ ဇတ်ရံတွေ နေရာမှာတောင် သရုပ်ဆောင်တာ မတွေ့လိုက်ရဘူး။ သူပြောတော့

သူ့နေရာက မပါမဖြစ် အဓိက ဇတ်ဆောင်တဲ့၊ ဇတ်တိုက်လည်း ခဏခဏ သွားရတယ်တဲ့။ ဘယ်လို

ဖြစ်တာပါလိမ့် ကျန်းမာရေး မကောင်းလို့ မကဖြစ်တာလား အမျိုးမျိုး စဉ်းစားနေတုန်းမှာပဲ ညီလေး

မာန်လက်ျာ တစ်ယောက် ပေါက်ချလာပါပြီ.........

        “ဟေ့ ဟေ့ ..... ညီမာန်လက်ျာ ညီလေးပြောတော့ အဓိက သရုပ်ဆောင်ဆို၊ အကို ညီလေး

သရုပ်ဆောင်တာ အားပေးချင်လို့ ရှေ့ဆုံးကနေ ကြည့်နေတာကွ ညီလေး မက ဖြစ်ဘူးလား”

         “  က ဖြစ်တယ်လေ အကိုရဲ့ သရုပ်ဆောင်တဲ့အထဲ ကျနော်လည်း ပါ ပါတယ်ဗျ”

          “ ဟင် ဘယ်နေရာမှာတုန်း အကိုလည်း ရှေ့ဆုံးကနေ သေသေချာချာ ကြည့်နေတာပါကွ

ဘယ်နေရာမှာမှ ညီလေးကို မတွေ့လိုက်ပါဘူး။”

       “ အော်... အကိုသန်းဇော်ကလည်း ဇတ်စင်ပေါ်မှာ စောင်ခြုံပြီး ပျဉ်းမငုတ်တိုကြီး

အဖြစ် သရုပ်ဆောင်နေတာ ကျနော်ပေါ့ဗျ ”

         “တိန်..........”

                   သူငယ်ချင်းတို့ ပျော်ရွှင်နိုင်ကြပါစေ

                                                                             လေးစားစွာဖြင့်

                                                                              ကိုသန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...