Thursday, August 8, 2013

ပန်းခြံထဲက ကော်ဖီဆိုင် ညနေ

သူမရဲ့ ချိန်းဆိုမှုကို

ဆန်းစစ်ကြည့်မိတယ်။







မာရီယာရဲ့ ချိန်းဆိုမှုမျိုး

          မဟုတ်တန်ကောင်းရဲ့.........။

နူးညံ့တဲ့ ဦးနှောက်က

ကြမ်းတမ်းတဲ့ အတွေးအခေါ်နဲ့

ပျော့ဖတ်ဖတ် နှလုံးသားက

မာကြောတဲ့ အမုန်းတရား

          မွေးဖွားခဲ့စေပြီလား........။

မနက်ကတော့

ရင်မှည့်တေးတွေ

သူ့ရင်ဘတ် င့ါရင်ဘတ်မှာ

ယောက်ယက်ခတ် ကူးလူးယှက်လိမ်လို့။

ဒါက   မနေ့က

ဒါက   ဒီနေ့

ဒါက   နောက်နေ့   နဲ့

ကော်ဖီမစ် အတွဲလေးတွေလို

       အစီအရီပါပဲ.......။

ဒီမယ်..

ငါပြောတာ နားထောင်ပါဦး

နေရာတိုင်းမှာ အထာလေးတွေရှိတယ်

နောက်ဆုံး..

ထကြွသောင်းကျန်းမှုမှာတောင် ရှိတယ်။

အထာမကြွမ်းဘဲ လာမနမ်းပါနဲ့တော့

ရင်ချင်းအပ် အနေအထားမှာတောင် ငါလွမ်းတတ်ပါတယ်။

ဒီဝန်ထုပ်ကြီးကို

ဘုန်းဘုန်း ပစ်ချလိုက်ဖို့

နေရာ ရှာခဲ့ပြီးသားပါ။

မနက်ကတော့

သူမက...

မိန်းမချင်းတောင် မနာလိုရတဲ့ အပြုံးနဲ့

       ငါ့ရင်ကို ကရိုင်းယုံ သက်သက်သာ။       ။

 

လေးစားစွာဖြင့်

ကိုသန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...