Saturday, August 10, 2013

ကွမ်းရွက်၏ အစွမ်း


   ဒီဘလော့လေး ဟာ ကွမ်းရွက်`၏ကျန်းမာရေးအကျိုးကျေးဇူးများ ဘလော့ကိုဖတ်ပြီး

ကျန်ရှိနေသောကျန်းမာရေးလျိုဝှက်ချက်လေးများကို ဆက်လက်ရေးသားဖော်ပြမိခြင်းဖြစ်ပါ

သည်။

   
    ကွမ်းရွက်တစ်ရွက်ကိုရေနွေးပူပူလေးနဲ့ပြုတ်သောက်လိုက်ရင်အစာအိမ်မှအစာခြေရည်ထုတ်

လုပ်မှု့ကို တိုးပွားစေပြီးအစာကြေစေပါတယ်၊ အကယ်၍ဘာကြောင့်ပဲချမ်းချမ်းကွမ်းရွက်ကို..

ရေနွေးပူပူနဲ့ပြုတ်ပြီး ပူပူနွေးနွေးလေး သောက်နိုင်သလောက်သောက်သွားရင် ချမ်းတာများ

လုံးဝပျောက်ကင်းသွားပါတယ်၊

     ကွမ်းရွက်စိမ်းကိုအရည်ညစ်ပြီးကော်ဖီဇွန်းတစ်ဇွန်း ၊ပျားရည်ကော်ဖီဇွန်းတစ်ဇွန်း၊ဆားအနည်း

ငယ်ထည့်လို့သောက်ရင်လဲ  ပန်းနာရင်ကြပ်ရောဂါကိုပျောက်ကင်းစေပါတယ်၊ကွမ်းရွက်စိမ်း

အရည်ညစ်ကော်ဖီဇွန်းတစ်ဇွန်း ၊ သကြားကော်ဖီဇွန်းတစ်ဝက်ကို ရေနွေးနွေးနဲ့ဖျော်ပြီး

သောက်လျင် အရေးပေါ်သွေးတိုးခြင်း ကိုသက်သာပြီးသွေးပေါင်ပြန်ကျစေပါတယ်၊

 
      ကွမ်းရွက်တစ်ရွက်မှာ သကြားကော်ဖီဇွန်းတစ်ဝက်လောက်ထည့်ပြီး ကွမ်းစားသလိုတဖြည်း

ဖြည်းဝါးစားရင်လဲ  နှလုံးခုန်နှေးသောရောဂါ၊စိတ်ကျရောဂါ၊စိတ်မရွှင်လန်းသောရောဂါများ

ကိုပျောက်ကင်းစေပါတယ်၊

   
    နှလုံးသွေးကြောကျဉ်းလို့ရင်ဘတ်အောင့်တတ်သူတွေကတော့ ညဘက်အိပ်တိုင်းကွမ်းရွက်

အချောဘက်မှ အောင့်သောရင်ဘတ်နေရာတွင် ကပ်ထားပြီးအိပ်မယ်ဆိုလျင် တစ်ပါတ်အ

တွင်း နှလုံးကြောင့်ရင်ဘတ်အောင့်ခြင်းသက်သာသွားပါတယ်၊မျက်လုံးမှာကပ်ပြီးအိပ်လျင်

မျက်ရည်ပူကျခြင်း၊မျက်လုံးအောင့်ခြင်းကိုပျောက်ကင်းစေပါတယ်၊ထူးခြားချက်ကမျက်မှန်

ပါဝါများလျော့နည်းပြီး မျက်စေ့ကိုအားကောင်းစေပါတယ်၊ထိုထူးခြားချက်မှာနေ့တိုင်းကွမ်း

ရွက်ကပ်ပေးမှထူးခြားခြင်းဖြစ်ပါတယ်၊



   ကွမ်းရွက်ကိုသုံးစွဲရာမှာ သတိထားရမည့်အချက်က ကွမ်းရွက်များကိုသေချာရေဖြင့်ဆေး

ကြောပြီးမှ အသုံးပြုပါ၊ ကွမ်းပင်စိုက်ရာတွင်အသုံးပြုသော ဖျန်းဆေးများသည် ဆိုးကျိုးများ

ကိုပေးစေသောကြောင့်ဖြစ်ပါတယ်၊ကွမ်းရွက်ကိုရေဖြင့်သေသေချာချာဆေးမှကွမ်းရွက်`၏

ကောင်းကျိုးများကိုစိတ်ချစွာရရှိမှာဖြစ်ပါတယ်၊ကွမ်းရွက်တစ်ရွက်`၏ ကျန်းမာရေးအကျိုး

ကျေးဇူးများကိုလူတိုင်းနားလည် အသုံးပြု ဆောင်ရွက်နိုင်ပါစေ၊


             အကိုနေထွန်းလှိုင် ရေးသားခဲ့တဲ့ ပို့စ်လေးကို ပြန်လည် မျှဝေတာ ဖြစ်ပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...