Tuesday, August 13, 2013

မဟာဗောဓိတစ်ထောင်မှ ထူးဆန်းသော ငှက်ပျောပင်



           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မဟာဗောဓိတစ်ထောင် စေတီတော်မြတ်ကြီး၊ သမိုင်းဝင်

ပြတိုက် ၀င်းအတွင်း၊ သမိုင်းဝင် ပြတိုက်ရဲ့ ညာဘက်၊ ဗောဓိတစ်ထောင် ဆရာတော်ကြီး ရုပ်တု ရှေ့တွင်

ငှက်ပျော်ပင် ၅ ပင် စိုက်ပျိုးထားသည့်အနက် ဆရာတော်ကြီး ရုပ်တုရှေတည့်တည့် ၉ ပေခန့်အကွာ

အလယ်မှ ငှက်ပျော်ပင်သည် ပုံတွင် ပြထားသည့်အတိုင်း ငှက်ပျော်တစ်ခိုင်တည်းတွင် အဖီးပေါင်း ၁၀၈ ဖီး

ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အဖီးဟု ရေတွက်ရာတွင် ငှက်ပျော်သီး အလုံး ၁၀ လုံးကျော်ပါဝင်မှသာ

တစ်ဖီး ဟု သတ်မှတ်ကြောင်း သိရပါသည်။ ငှက်ပျော်ခိုင်တစ်ခိုင်လုံး၏ အရှည်မှာ ၅ ပေ ၈ လက်မခန့်

ရှိကြောင်း သိရှိရပါသည်။ မဟာဗောဓိတစ်ထောင် စေတီတော်မြတ်ကြီးတွင်  အဆိုပါ ငှက်ပျော်ပင်ကို

လာရောက်ကြည့်ရှုယင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားနေလျှက်ရှိကြောင်း

သွားရောက် ကြည့်ရှုလိုသူများ အတွက် သတင်းကောင်း ပါးလိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...